ဦးလှမြင့် Portrait

ဦးလှမြင့်

Founder of Rakhainethargreecapee

“နက်ဖန်ခါအတွက် ဒေနိစာဖတ်ဖို့လိုအပ်ရေ”

အမွေးဖွားအကြောင်း

ကျွန်တော့ကို ( ၁၉၆၀)ခု မတ်လ(၂၄) ရက်နိ့မာအဖဦးဘထွန်းခေါ် ဦးမောင်သာကျော် အမိဒေါ်မသာနုရို့ဘားကမွီးဖွါးသန့်စင်ပီးခပါရေ။ ကျွန်တော်ကသားအကြီးဆုံးပါ။ ကျွန်တော်ရို့မာညီအကိုမောင်နှမ (၈) ယောက်ပါ ယောက်ကျား(၆)ယောက် ညီမ သျှေ(၂)ယောက်ဟိပါရေ။ အငေခါ ဘာဘာတာဝန်ကျရာ ရခိုင်ပြည့်အနှံ့နီထိုင်ခဖူးပါရေ။ ဘာဘာရေအစိုးရဝန်ထမ်းတယောက်ဖြစ်ပါရေ။ အလယ်တန်း ကျောင်းသားဘဝနန့်အထက်တန်း ကျောင်းသားဘဝကို မြောက်ဦးမြို့မာ (၁၀)စုနှစ်တခုအကြာကြီးနီထိုင်ခဖူးပါရေ။

စာပီခရီး

ရခိုင်တော်လှန်ရေး ရခိုင်နိုင်ငံရေးနယ်ပယ်ထဲမာနှစ်ပေါင်းများစွာပါဝင်ဖြတ်သန်းကျင်လည်ခဖူးပါရေ။ ရခိုင် တေးစီးရီး ခွေ(၄၁)ခွေထုတ်ဝီပီးခဖူးပါရေ။ ရခိုင်စာအုပ်စာတမ်း (၁၃၅)အုပ်နန့် ရခိုင်ပြည်ထုတ် မြို့နယ်မဂ္ဂဇင်းတိကို ပါဝင်ကူညီစီစိုင်ထုတ်ဝီခဖူးပါရေ။ ရခိုင်ပြည်ထုတ် မြို့နယ် မဂ္ဂဇင်း အများစု နန့် ရခိုင်သဟာယ မဂ္ဂဇင်း ရခိုင်ရိုးမ မဂ္ဂဇင်း ပစ္ဆိမရပ်ဝန်း ရခိုင်ညွန်ဖူးစာစောင်ရို့မာ တာဝန်ခံစာတည်း စာတည်း စီစိုင်သူ ထုတ်ဝီသူ အဖြစ် တာဝန်ထမ်း ဆောင်ဖူးခပါ ရေ။ ရခိုင်တေးသီခြင်း ရခိုင်စာပီရို့မာ ဦးဦးလှမြင့် ,ဦးလှမြင့် , ကောင်းကျော်ထင် , ရိုးမလင်းယုန် , ရိုးမလူ ,နောင်ခိုင် ,နောင်ရဲခိုင် ဆိုရေ ကလောင်မျိုးစုံ နာမေတိနန့်ဖြတ်သန်း ခဖူးပါရေ။

မိသားစုဘဝ

ဇနီးမယား ဒေါ်ဦးသိန်းမြနန့်အတူ သားကြီး ကောင်း ကျော်ခိုင် သားငယ် ကောင်းဥဂ္ဂါ သမီးငယ် ကောင်းမြသဇင်ရို့နန့် ရန်ကုန် မြို့မာ ရခိုင်စာပီတာဝန်တိကို ထမ်းဆောင်ယင်းနန့် ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတိကိုလုပ်ကိုင်ယင်း ဘဝကိုဖြတ်သန်းနီပါရေ။

🏅 Achievements

  • Founded Rakhainethargreecapee online platform (approx 2010–2025)
  • Published numerous books & articles in Rakhine literature and history
  • Promoted Rakhine language & culture preservation

ဘဝခရီး

၁၉၈၀

ဘာဘာ နောက်ဆုံးတာဝန်ကျရာ မောင်တောမြို့ကို ပြောင်းလို့နီထိုင်ဖူးခပါရေ။

၁၉၉၁

ရန်ကုန်မြို့ကိုပြောင်းရွှိ့နီထိုင်လာစွာပါ။

၁၉၈၁

စစ်တွေကောလိပ် ကျောင်းသားဘဝကိုဖြတ်သန်းခဖူးပါရေ။

၁၉၈၈

နိုင်ငံခြားသင်္ဘောသားဘဝကို ဖြတ်သန်းခဖူးပါရေ။

၁၉၈၉

ရခိုင်ဒီမိုကရေပါတီကထုတ်ဝီရေ လှိုင်းသံစာစောင်မာတွဲဖက်တာဝန်ခံစာတည်းအဖြစ်စလို့လုပ်ကိုင်ယင်း ရခိုင်စာပီနယ်ထဲကို ရောက်ဟိလာပါခရေ။

၁၉၉၁

သာလီစွရခိုင်စီးရီးခွေကိုထုတ်ဝီခပါရေ။

၁၉၉၃

ရခိုင်တေးရွီးဘဝကို ဝံ့ဖို့လားတေးခြင်းကို စလို့ရွီးဖြစ်ပါရေ။ ဘဝသျှင်ဒိုင်၊ ဆိုက် ဘေးရီးယား ၊ဇကုန်ပျံလီ၊ဝီးလားလို့မဖြစ်နိုင်၊တေးခြင်းတိကို လူသိများခဖူးပါရေ။

၁၉၉၄

ရခိုင်ညွန့်ဖူးပညာသင်ဆု နန့်ရီခမ်းငါး များအတွက် ရံပုံငွေရရှိရေးစစ်တွေစတိတ်ရှိုးပွဲ။

၁၉၉၅

ရခိုင်ညွန်ဖူးပညာသင်ဆုကို ရခိုင်သားကြီးစာပီက စတင်ပီးခဖူးပါရေ။

၂၀၀၃

ရခိုင်တိုင်းရင်းသား ယဉ် ကျေးမှုပွဲ တော် သာကေတ ရန်ကုန်။

၂၀၀၃

လေးဝတီရခိုင်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)။

၂၀၀၄

ရခိုင်တိုင်းရင်းသား ယဉ် ကျေးမှု့ပွဲ တော်အောင်ဆန်းကွင်း ရန်ကုန်။

၂၀၀၃

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်(ရန်ကုန်)(သိမ်ဖြူကွင်းပွဲ)တိ။

၂၀၀၃ ၊၂၀၀၆၊ ၂၀၁၀ ၊၂၀၁၄

စစ်တွေကောလိပ် ကျောင်းသား ဟောင်းများ ( ရန်ကုန်)၏၇၃/၈၈ ကျောင်းသားဟောင်းများ မြတ်ဆရာပူဇော်ပွဲနန့် မိတ်ဆုံညစာစားပွဲတိ (ရန်ကုန်)

၂၀၀၅

ရက္ခိတရို့ရင်ခုန်ည (ရန်ကုန်)

၂၀၀၆

သျှင်ဒိုင်အငြိမ့်၊ ရခိုင်ညွန်ဖူးအငြိမ့််(ရန်ကုန်) ရို့တိကို

၂၀၀၇

သျှစ် သောင်းဘုရားပွဲ မြောက်ဦးမြို့ ကိုယ်တိုင်ဦးဆောင်ပနာတမျိုး ပူးပေါင်းပနာတဖုံ ပါဝင်ကျင်းပခဖူးပါ ရေ။

၂၀၁၀

ရခိုင်သားကြီးစာပေ ဝက်ဘ်ဆိုက် ကို ကိုခိုင်အောင်အောင် (နယ်သာလန်) မစုမွန်ဖြိုး(ခိုင်မြတ်သူ)ရို့နန့်(ပထမ တကြိမ်)ထူထောင်ခဖူးပါဗျာယ်။

၂၀၂၅

ဒုတိယအကြိမ်အဖြစ် အသျှင်ဘုရားYasa Dhamama, အသျှင်ဘုရား Ya Tha Win Tha , အသျှင်ဘုရား Ashin Zawana Retkhaberi နန့် အတူ www.rakhainethargreecape.com ကို ပြန်လို့ ထူထောင်လိုက်ပါဗျာယ်မိတ်ဆွေရို့။