ရခိုင်စာပီသွီးကြိုးချေတိ

Article Cover

ကျောင်းသားအများစုတိက ရခိုင်စာပီနန့် စာတမ်းပြုစုဖို့ဆိုကေ လက်တွန့်ကတ်ပါရေ။ ဇာလို့လဲဆိုကေ ရခိုင်စာပီနန့်ဆိုင်ရေ စာအုပ်တိက ယှာရခက်လို့ပါ။ စာအုပ်နာမည်တိ မသိစွာက တစ်ကြောင်း၊ ရီးရေဆရာတိ မဟိလို့ ထင်ကတ်စွာက တစ်ကြောင်းကြောင့် ကျောင်းသားတိလက်တွန့်နီကတ်စွာလို့တော့ခါ ထင်မိပါရေ။ 

အဂယင့်လည်း ယှာရစွာ ယှားစာပါ။ စာအုပ်နာမည်တိ သိလားကေတော့ စာအုပ်နာမည်ပြီးကေ စာအုပ်ဆိုင်တိနန့် စာကြည့်တိုက်တိမှာ မီးကြည့်တော့ခါ လမ်းကြောင်းတစ်ခုရပါဖို့။ ရခိုင်စာအုပ်ဆိုင်တိမှာလည်း တစ်စုတစ်စည်းယှာဖွီပနာ တင်ထားကေတော့ ကကောင်း ကောင်းပါဖို့။ ဒေPost တော့ခါ ရခိုင်စာပီနန့် ပတ်သက်ပြီးကေ လက်လှန်းမှီသလောက် စာအုပ်နာမည်တိပါ။ ဆောင်းပါစရင်းတိ မပါမပါသိမ်း။

ရခိုင်စာပီနန့်ဆိုင်ရေ စာအုပ်တိ(ရခိုင်+ဗမာ+အင်္ဂလိပ်) သိထားကေလည်း တစ်ခေါက်ချေလောက် ကွန်မင့်ရီးထားခကတ်ပါ။ ကျောင်းသားတိနန့် ရခိုင်စာပီမြတ်နိုးရေ လူတိအတွက် အထောက်အကူတစ်ခုဖြစ်စီဖို့ထင်ပါရေ။

----------------------------------------------------

==ရခိုင်စာပီဆိုင်ရာ စာအုပ်တိ==

၁။ ရခိုင်ဘာသာစကားလမ်းညွန် (အရှင်စက္ကိန္ဒ)-၁၉၉၄

၂။ ရခိုင်ဝေါဟာရအဘိဓာန်ကျမ်း(အသျှင်ဝါသဝ)-၁၉၉၆

၃။ ရခိုင်စာအရေးအသားနှင့်ပြဿနာများ(မောင်ဗသိန်း)-၁၉၉၆

၄။ ရခိုင်စကားပုံများကို အတ္တဗေဒအမြင်ဖြင့်လေ့လာခြင်း(မဆွေဥခိုင်)-၂၀၀၇

၅။ ရခိုင်ရိုးရာကျေးလက်တေးများကို ဘာသာဗေဒအမြင်ဖြင့် လေ့လာခြင်း(စောယဉ်မြ)-၂၀၁၃

၆။ ရခိုင်ဒေသိယ စကားဝေါဟာရနှင့်သဒ္ဒါအသုံးအနှုံးလေ့လာချက်(မစန္ဒာဌေး)-၂၀၀၈

၇။ ရခိုင်အပြောသဒ္ဒါ(ဘာသာဘေဒလေ့လာချက်)(မစန္ဒာဌေး)-၂၀၁၇

၈။ မြေပုံဒေသိယစကားသံဖွဲ့ပုံနှင့်ဝေါဟာရအတန်းအစားလေ့လာချက်(မောင်မြင့်ဌေး)-၂၀၀၉

၉။ ပေါက်တောဒေသိရစကားလေ့လာချက်(မတင်တင်နု)-၂၀၁၅

၁၀။ ရခိုင်ဘာသာစကားရှိဝေါဟာရများကို အတ္တဗေဒအမြင်ဖြင့်လေ့လာချက်(မအိအိမွန်)-၂၀၁၆

၁၁။ ကျောက်တော်မြို့ ဒေသိယစကားများကို အသုံးချဘာသာဗေဒအမြင်ဖြင့် စီစစ်ချက်(မလှခိုင်)-၁၉၇၉

၁၂။ မာန်အောင်ဒေသိယစကားကို ဘာသာဗေဒအမြင်ဖြင့် လေ့လာချက်(မခင်မော်ရွှေ)-၁၉၉၃

၁၃။ မြောက်ဦးဒေသိယစကား လေ့လာချက်(မနုမေသိန်း)-၂၀၀၅

၁၄။ မြောက်ဦးခေတ်ကျောက်စာများကို လေ့လာချက်(မောင်ဦးတင်ဝင်း)-၂၀၁၃

၁၅။ မြောက်ဦးခေတ်ကျောက်စာများကို ဘာသာဗေဒအမြင်ဖြင့် လေ့လာချက်(မတင်တင်နု)-၂၀၁၄

၁၆။ ရခိုင်ဘာသာစကားရှိသုဒ္ဓနှင့် ကာရိုက်ကြိယာများကို အတ္တဗေဒအမြင်ဖြင့် လေ့လာချက်(မကျော့ကေခိုင်)၂၀၁၄

၁၇။ သံတွဲဒေသိယမှ နှစ်ဘာသာနှော စကားများကို လူမူဘာသာဗေဒအမြင်ဖြင့် လေ့လာချက်(မညိုညိုစံ)

၁၈။ မာန်အောင်ဒေသိယစကားလေ့လာချက်(မအိအိမွန်)-၂၀၁၅

၁၉။ ဖွန်းဒေသိယစကား လေ့လာချက်(ထွန်းအောင်ကျော်)-၂၀၀၃

၂၀။ ရခိုင်စာ ရခိုင်စကား(ဇယန္တဗောဓိ(ပန်းအောင်))-၂၀၁၄

၂၁။ စာရွိးနန့် စာရီး အကွာအဝီး(သန့်ဝဏ္ဏခိုင်)-၂၀၁၅

၂၂။ အေဒီေခြောက်ရာစုနှင့် ယင်းမတိုင်မှီ ရခိုင်ပြည်သုံးအက္ခရာ(ဦးစံသာအောင်)-၁၉၇၄

၂၃။ ရခိုင်စာပေခရီး(အရှင်ကောသလ္လ)-၁၉၉၈

၂၄။ ရခိုင်တို့၏ ပဉ္စမသင်္ဂါယနာတင်သမိုင်း(ဒွါရာဝတီ-အရှင်ကုသလ(ငွေသဇင်))-၂၀၁၅-ဒု

၂၅။ ရခိုင်လူမျိုးနှင့်မြန်မာစာ(ဒွါရာဝတီ-အရှင်ကုသလ(ငွေသဇင်))-၂၀၁၄-တ

၂၆။ ရခိုင်ဘာသာစကားနန့် အပြောအခြီခံ ရခိုင်အရီးအသား(မောင်ဗသိန်း)-၂၀၁၇

၂၇။ ရခိုင်ပြည်မြောက်ဦး၊ ရခိုင်ဒေသိယ စကားဖွဲ့ပုံ ဘာသာဗေဒလေ့လာချက်(မောင်ကိုလေး)-၁၉၈၇-၈

၂၈။ အာနန္ဒစန္ဒြမင်းကျောက်စာ(ဦးစံသာအောင်)-

၂၉။ ရခိုင်မင်းသမီးဧခြင်း(ဦးမေအောင်)

၃၀။ ရခိုင်အသျှေစာပီနန့် လူငယ်စာပီစာတမ်း(မင်းသိဏ်းထွဏ်း(မင်းပြား))-၂၀၀၅

၃၁။ ရခိုင်မင်းသမီးဧခြင်း(ရွှေစေတီမူ)(ဦးအောင်သာဦး)-၁၉၇၀

၃၂။ ရှေးဟောင်းရခိုင်ကျောက်စာများ(ဦးဦးသာထွန်း)-၁၉၉၂

၃၃။ ရခိုင်ကျောက်စာပေါင်းချုပ်(ဦးဦးသာထွန်း+ဦးကျော်ထွန်းအောင်)-၂၀၁၇

၃၄။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသိယစကားသံဖွဲ့ပုံ(ဘာသာဗေဒလေ့လာချက်)(မောင်ကိုလေး)-၁၉၈၇-၈

၃၅။ စစ်တွေဒေသိယစကားများကို ဘာသာဗေဒအမြင်နှင့် စီစစ်ချက်( မသန်းအေး)-၁၉၇၉

၃၆။ မြောက်ဦးခေတ်ရှိ ရခိုင်ရှေးဟောင်းပိဋကတိုက်များ(စောထွီးသျှင်)-၁၉၉၂

၃၇။ ဂန္တဝင်ရခိုင်ဝေါဟာရ(၂၁၀၀)(ဦးထွန်းအောင်ကျော်)-၂၀၀၈

၃၈။ ရခိုင်စာဆိုတော်များ(ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)-၁၉၉၁

၃၉။ ရခိုင်ကဗျာနန့် ရခိုင်အတွေးအခေါ်(စံကျော်ထွန်း)-၁၉၉၆

၄၀။ ရခိုင်မင်းသမီးဧခြင်း(သို့)မောက်တော်ေဧးခြင်း(ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)-၁၉၉၀

၄၁။ မြန်မာမူပြုမရသော ကာရံများ(သာလှဦး)-၂၀၁၀

၄၂။ ရခိုင်သင်ပုန်းကြီးဖတ်စာ(အမည်မသိ)

၄၃။ ဖလောင်း-ရခိုင် အဘိဓာန်(အောင်လှသိန်း)

၄၄။ ရခိုင်စာလုံးပေါင်း ခေတ်မှီသတ်ပုံကျမ်း(သထော်ဥ)

-----------

အရံဆောင်ထားရဖို့စာအုပ်တိ

၁။ ရခိုင်သဘာဝတေးကဗျာများ(အသျှင်စက္ကိန္ဒ)-၁၉၆၁

၂။ ရခိုင်ကျေးလက်တေးကဗျာများ(မစမ်းကေသီအောင်)၂၀၁၁

၃။ ရမ္မာဝတီသဘာဝတေးကဗျာများ(ထွန်းရွှေခိုင်)-၁၉၉၀

၄။ ရခိုင်တေးသံ(ဦးမင်းနိုင်)-၁၉၆၅

၅။ သတ္တထာနုသာခြင်း(တန်းခိုးဆရာထွန်း)-၁၉၅၇

၆။ ကြောင်လိမ်လှေကားကဗျာများ(စစ်တွေစောနောင်)-၁၉၆၆

၇။ ဥပမာစုံရခိုင်စကားပုံ(အရှင်စက္ကိန္ဒ၊အရှင်ဝါသဝ)-၁၉၉၆

၈။ ဥဒိန္နရတုကဗျာ(တန်ခိုးရွာဆရာထွန်း)-

၉။ ဘဝမှတ်တမ်းရွှန်းလိုက်ရတုကြီး(အောင်ကျော်ဇံ)-၁၈၄၀(လက်ရီးမူ)

၁၀။ မဏိကုဏ္ဍလအလင်္ကာ(မောင်စံဖော်)-၁၉၉၈

၁၁။ ရခိုင်ရိုးရာဝတ္ထုရွှေလက်ဆောင်(မင်းပြား-မင်းသိန်းဇံ)-၂၀၁၆

၁၂။ ဂုတ္တိလနှင့်မုသိကသာခြင်းသစ်(ဆရာအောင်ထွန်း)-၁၉၉၀

၁၃။ ပဒုမဝတီသာခြင်းနှင့် စာဆိုဂုဏ်ရည် စာတမ်း(ညိုညိုလွင်)-၂၀၁၈

--ထိန်းထားရဖို့ စာပီဆိုင်ရာစာအုပ်တိ--

၁။ လောကသာရပျို့(ရခိုင်သူမြတ်)

၂။ ကဝိကဏ္ဍပါသကျမ်း(ရခိုင်သီလဝံသ)

၃။ မိညို၏ပိုဒ်စုံရတု(စာဆိုတော်မိညို)

၄။ ၁၂လရာသီနှင့်ပိုဒ်စုံရတု(ဥက္ကာပျံ)

၅။ လောင်မွန်စိုင်းဒြားဧ (စစ်တွေပုံနိပ်တိုက်)၁၈၈၆

၆။ ရခိုင်လျောက်ထုံးများ(နန္ဒာထွန်း)-၂၀၀၃

၇။ ရခိုင်သာစွလေအလင်္ကာ

၈။ ဒေဝန်းကြီးမှတ်တမ်း

၉။ မင်းရာဇာကြီးစာတမ်း

၁၀။ ရခိုင်ရာဇဝင်ကြီး(ထွန်းရွှေခိုင်)

၁၁။ မဟာပညာကျော်လျောက်ထုံး(ဆရာကြီးလင်း)

==အင်္ဂလိပ်ဘာသာနန့်===

1.The Dialects of Burmese(L.F Taylor)

2.Three Burmese Dialects(J0HNOKElL)

3.A phonological study of Arakanese Burmese as spoken in Sittwe City, Arakan state, Burma(rungjit jarernponganarn)-1997

4. Burma`S Lost Kingdoms: Splendours Of Arakan(Pamela Gutman)-2001

5. Ancient Arakan(Pamela Gutman)1967

6. The Vowel Systems of Arakanese and Tavoyan(Denise Bernot)-1965

7. Origin and Development of Arakanese Script(U. Sandamuni)2016

8. Arakanese Script-its origin and Evolution (U Aung Tha U) 

9. An Arakanese Poem Of The 16th Century(M.S.Collis)1923

10. Notes on the about poem (san shwe bu)

11. Neural Machine Translation Between Myanmar (Burmese) and Rakhine (Arakanese)( Thazin Myint Ooz , Ye Kyaw Thuy and Khin Mar Soez)

12. A Morphological Study of Arakanese Dialect Spoken at Northern Rakhine (Arakan) State in Western Myanmar(Kosalla) 2021

13. Consonant correspondences of Burmese, Rakhine and Marma

with initial implications for historical relationships with initial implications(Heidi A. Davis)-2014

14. The Epigraphic Archive of Arakan/Rakhine State (Myanmar): A Survey(Kyaw Minn Htin & Jacques P. L eider)-2018


YaThaWinTha