ရခိုင်မာ လှုပ်ခတ်ခရေ ငလျင်တိ
__________________________/________________
မြန်မာနိုင်ငံကိုဖြတ်လားရေ ငလျင်ကြောသုံးခုဟိပါရေ။ ရခိုင်_ရှမ်း_ဗမာပြည်အလယ်ပိုင်း ရို့ဖြစ်ပါရေ။
လက်ဟိမန္တလေးဗဟိုပြုလှုပ်ခတ်လားရေ ပြင်းအား(7,7)စွာ ဗမာပြည်အလယ်ပိုင်းလမ်းကြောင်း လှုပ်ခတ်မူသမိုင်းမာ အမြင့်ဆုံးဖြစ်ပါရေ။
ယေဒါလေ့ ရခိုင်မာ လှုပ်ခတ်ခတ်မူက အမြင့်ဆုံး 8.8ဟိပါရေ။ ပင်လယ်နန့်နီးရေခါ ငလျင်လှုပ်တိုင်း ရီပါ တပါတည်းလိုက်ပါရေ ။ ရခိုင်မာအရင်ကဖြစ်ခခါ ကံကောင်းစွာက အဆောက်အအုံ အမြင့်ကြီး မဟိခခါ ငလျင်ကြောင့် ထိခိုက်မူနည်းစီခပါရေ။
လက်ဟိကာလမာ နောက်ထပ်တိုးလာရေ ပြဿနာတစ်ခုက မီးတောင်တိ သက်တမ်းရင့်လာရေပြဿနာပါ ။ ကျောက်ဖြူ စစ်တွေ မာန်အောင် မြေပုံ ဂွ တလျောက်လုံးမာ ကုန်းမာကော ရီထဲမာပါ မီးတေင်တိပြည့်နီပါရေ။ #ရခိုင်ပြည်ကနဂါးတိ
1762 -2004 ပုံစံမျိုး ရခိုင်မာ နောက်ကြိမ်လှုပ်ခကေ။ မီးတောင်ပေါက်ကွဲအားပါ ထည့်တွက်လာရဖို့ပိုင် ဂက်စ်ပိုက်လိုင်း ဆူနာမီလိုင်းပါ ထည့်တွက်လာရဖို့ထင်ရေ။ အထက်ဗမာပြည် ငလျင်ကြောနန့် ရခိုင်ငလျင်ကြောက တကြောင်းတည်းလာရေခါ တကြောင်းက တုန်ခါမူဖြစ်လာကေ နောက်တကြောင်းတုန်းခါမူလည်း သတိထားစောင့်ကြည့်ရဖို့သဘောဟိပါရေ။
_ရခိုင်ငလျင်မှတ်တမ်း_
#1548 | ရခိုင်ကမ်းရိုးတန်း | ပြင်းအား မသိရ | ရခိုင်သမိုင်းမှတ်တမ်းတိအရ ငလျင်ကြီးတစ်ခု ဖြစ်ပြီး ကေ မြေပြိုကျမှုတိဟိခ
(ရခိုင်သမိုင်းမှတ်တမ်းတိမာ ဖော်ပြထားကေလေ့ပြင်းအား အတိအကျ မသိရ)
#1762 | ရခိုင်ကမ်းရိုးတန်း | ပြင်းအား ၈.၅-၈.၈ | ဆူနာမီနန့် အတူ လူ ၂၀၀ ကျော် သီဆုံး၊ မြီဧရိယာ မြုပ်လွှမ်းပြီးကေ မြစ်လမ်းကြောင်း ပြောင်းလား။
(ရခိုင်သမိုင်းမာ အကြီးမားဆုံး ဖြစ်စဉ်ဖြစ်ပြီးကေ ပြင်းအား ၈.၅-၈.၈ အထိဟိ (ဘူမိဗေဒ သုတေသနမှတ်တမ်းများ)
#1833 | ကျောက်ဖြူအနီး | ပြင်းအား ၆.၈ | အိမ်တိ ပျက်စီးပြီးကေ သီဆုံးမှု အဇိကေဟိ
(ကျောက်ဖြူအနီး ပင်လယ်ပြင်မာ ဗဟိုချက်တည်)
#1843 | ရခိုင်ပင်လယ်ပြင် | ပြင်းအား ၇.၀ | ကမ်းရိုးတန်းတလျှောက် ခံစားရပြီးကေ ဆူနာမီဇိကေချေ ဖြစ်ခ
#1848 | စစ်တွေအနီး | ပြင်းအား ၆.၂ | အိမ်တချို့ ပျက်စီးပြီးကေ ဒေသခံတိ ထိတ်လန့်ခ
(ဗြိတိသျှ ကိုလိုနီခေတ် မှတ်တမ်းများ)
#1858 | စစ်တွေအနီး | ပြင်းအား ၆.၅ | အဆောက်အအုံတိ ပျက်စီးပြီးကေ ထိခိုက်မှုဟိ
(ဗြိတိသျှ ကိုလိုနီခေတ် မှတ်တမ်းများ)
#1875 | ရခိုင်ပင်လယ်ပြင် | ပြင်းအား ၆.၄ | ကမ်းရိုးတန်းတလျှောက် ခံစားရပြီးကေ ဇိကေချေ ပျက်စီးမှုဟိ
#1895 | မာန်အောင်ကျွန်း | ပြင်းအား ၆.၃ | လူနီအိမ်တိ ထိခိုက်ပြီးကေ ဒေသခံတိ ထိတ်လန့်ခ
(မာန်အောင်ကျွန်းမာ ဗဟိုချက်တည်)
#1918 | ရခိုင်ကမ်းရိုးတန်း | ပြင်းအား ၆.၆ | အိမ်တချို့ ပျက်စီးပြီးကေ ထိခိုက်မှု ဇိကေချေရာ ဟိ
#1946 | ရခိုင်ပင်လယ်ပြင် | ပြင်းအား ၇.၂ | ကမ်းရိုးတန်းတလျှောက် ခံစားရပြီးကေ ဆူနာမီ ဇိကေချေ ဖြစ်ခ။ထိခိုက်မှု မများခ။
#1978 | ရခိုင်ပင်လယ်ပြင် | ပြင်းအား ၆.၃ | ဒေသခံတိ ခံစားရပြီးကေ ထိခိုက်မှု မများခ
(ပင်လယ်ပြင်ဗဟိုချက်ဖြစ်ပြီးကေ ထိခိုက်မှု မများခ (USGS မှတ်တမ်း)
2004 | အင်ဒမန်ကျွန်းအနီး (ရခိုင်ထိခတ်) | ပြင်းအား ၉.၁ | ဆူနာမီကြီးကြောင့် ရခိုင်ကမ်းရိုးတန်း ထိခိုက်
[12] အင်ဒမန်ငလျင်ကြီးစွာ ရခိုင်ကို ထိခတ်ခပြီးကေ ဆူနာမီကြောင့် ပျက်စီးမှု ဖြစ်ခရေ (USGS မှတ်တမ်း)
2012 | ရခိုင်ပြည်နယ် အနောက်မြောက် | ပြင်းအား ၅.၈ | တဖဲ့ချေ ခံစားရပြီးကေ ထိခိုက်မှု မဟိ (USGS အချက်အလက်)
2016 | ရခိုင်အရှေ့မြောက် (စစ်တွေက ၁၉၄ ကီလိုမီတာ) | ပြင်းအား ၆.၈ | ဇိကေချေ ပျက်စီးမှုဟိ၊ သီဆုံးမှု မဟိ
(USGS အချက်အလက်)
2017 | ရခိုင်ပင်လယ်ပြင် | ပြင်းအား ၆.၉ | အိမ်တချို့ ပျက်စီး၊ လူထိခိုက်မှု မများခ
2021 | စစ်တွေ-ကျောက်ဖြူကြား | ပြင်းအား ၆.၁ | ဒေသခံတိ ခံစားရပြီးကေ ဇိကေချေ ပျက်စီးမှု ဟိ
2023 | ရခိုင်ပင်လယ်ပြင် (စစ်တွေက ၁၅၀ ကီလိုမီတာ) | ပြင်းအား ၅.၅ | ဇိကေချေ ခံစားရပြီးကေ ထိခိုက်မှု မဟိ[17] ပင်လယ်ပြင်ဗဟိုချက်ဖြစ်ပြီးကေ ထိခိုက်မှု မဟိခ(လက်ဟိအချက်အလက်အရ)။
2024 | စစ်တွေမြောက်ဘက် ၂၂၇ ကီလိုမီတာ | ပြင်းအား ၄.၄ | ဇိကေချေ ခံစားရပြီးကေ ထိခိုက်မှု မဟိ (လက်ရှိအချက်အလက်အရ)။
အနာဂါတ်မာ #ရခိုင်ပြည်ငလျင် ဇာဖြစ်လာနိုင်လဲ
#ငလျင်လှိုင်း တိကို ဘားဂရပ်တိနန့် တိုင်းတာတွက်ချက်နိုင်ပြီးကေ ၁၉၃၅ ခုနှစ်က ချားလ် ရစ်ချ်စတာ (Charles Francis Richter) က မဂ္ဂနီကျူ့ စကေးနန့် တွက်ချက်ဖော်ပြခပါရေ။ စကေးကိုတော့ခါ သုံည (ဝ) ကနိန်ပနာ (၉) မဂ္ဂနီကျူ့အထိရှိပြီးကေ ၄.၅ ကျော်လာကေ အားအသင့်အတင့် ဟိလာပနာ ၇ ကျော်လာကေတော့ခါ အင်အားပြင်းထန်ပြီးကေ အဆောက်ဦးတိုက်တာတိ ပျက်စီးနိုင်ပါရေ။
ကမ္ဘာမာ ကုန်းမြီထုချပ်ကြီး ၆ခုနန့် သမုဒ္ဒရာမြီထုချပ်ကြီး ၄ခုဟိပြီးကေ ကုန်းမြီ ထုချပ်ငယ် ၂၅ ခုလောက်ဟိပါရေ ။ ရခိုင်စွာ အိန္ဒိယမြီထုချပ်နန့် ယူရီးရှားမြီထုချပ်ရို့ ထိစပ်မူဟိိနိန် အတွက်တာနန့် ငလျင်လှုပ်နိုင်ခြီ အမြဲဟိနိုင်ရေ။
USGS ခန့်မှန်းချက်ရဆိုကေ
၂၀၂၅-၂၀၃၅ခုနှစ်ကြားမာ: ပြင်းအား ၅.၀-၆.၅ လောက်နန့် ငလျင်ချေတိ ရခိုင်မာ အကြိမ် ၂၀-၃၀ လောက်ထိ လှုပ်နိုင်ရေလို့ခန့်မှန်းထားပြီးကေ
၂၀၅၀ ဝန်းကျင်အတွင်း: ပြင်းအား ၇.၀ အထက် ငလျင်ကြီးတစ်ခု ဖြစ်လာနိုင်ပြီးကေ။ ဆူနာမီ ဖြစ်နိုင်ခြီလည်း များကြောင်းသုံးသပ်ထားကပ်ပါရေ။
ရင်းမြစ်တိကို USGS (United States Geological Survey)၊ ဘူမိဗေဒ သုတေသနမှတ်တမ်းတိ၊ နန့် ဒေသခံသမိုင်းမှတ်တမ်းတိက ရယူထားပါရေ။
မှတ်ချက်။ ။ပုံတိစွာ အဂု post နန့် မသက်ဆိုင်ပါ။ ငလျင်လမ်းကြောင်းကို ညွန်ပြချင်ရုံသက်သက်ရာဖြစ်ရေ။ ပုံထဲက အနီရောင်စွာ ငလျင်လမ်းကြောင်းဖြစ်ပါရေ။