🎀1879 🎀
၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၈) ရက်၊ (၁၂၄၁ ခု ပြာသိုလပြည့် ကျော် ၂ ရက်) တနင်္ဂနွေနေ့တွင်ဖွားမြင်ခဲ့သည်။
🎀1884 🎀
၁၈၈၄-ကျောင်းစတင်အပ်နှံသည်(ငါးနှစ်သား)
🎀1885 🎀
၁၈၈၅-အစိုးရအဂ်လိပ်ကျောင်းတက်ရန် ပူဆာ၍မရသဖြင့် အိမ်မှထွက်ပြေးကြသည်၊ထို့ကြောင့်အဂ်လိပ်ကျောင်းကိုတတိယမှတက်ခွင့်ရခဲ့သည်
၁၈၈၇-အိန္ဒိယကာလကတ္တားမှ အဂ်လိပ်ခရစ်ယာန်ဘုန်းတော်ကြီးသည် မွေးစားရန်တောင်းခံလာသည်
၁၈၈၇-အိန္ဒိယသို့လိုက်ရန်သာ တောင်းဆိုနေသည့်အတွက် မိမိများကစိတ်မချတော့၍ ကျောင်းထုတ်ပစ်ခဲ့သည်
🎀1907 🎀
၁၉၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။
၁၉၀၇ ခုနှစ် မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သည်။
🎀1888 🎀
1888-အင်္ဂလိပ်စာ သင်ကြား လို၍ မိဘများကို ပူဆာကြရာ မရသဖြင့် အိမ်မှ ထွက်ပြေးခဲ့ကြသည်။
🎀1895 🎀
1,895-မိဘများက ရှင်သာမဏေဝတ်ပေးသဖြင့် ရှင်ဥတ္တမဟု တွင်သည်။
🎀1898 🎀
1,898-ဦးဥတ္တမအား ဆွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္ဇင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။
🎀1900 🎀
၁၉၀၀-ခုနှစ်တွင် ဆရာတော်ဦးဥတ္တမဂျပန်ကို ရောက်သည်။
🎀1904 🎀
(၁၉၀၄-ဝ၅) ခုနှစ်တွင်နိုင်ငံအရွယ်အစားသေးငယ်၊ သမိုင်းမှာလည်း မထင်ရှား၊ ကိုယ်ခန္ခာအရွယ်အစားလည်းသေးငယ်သောဂျပန်က အင်အားကြီးမားသောရုရှားကို အနိုင်ရလိုက်ခြင်းကို ဆရာတော်အနေဖြင့် အထူးစိတ်ဝင်စားခဲ့သည်။
🎀1906🎀
1906-ခုနှစ်ဂျပန်ကို ရောက်ရှိနေသည့် တရုတ်တော်လှန်ရေးခေါင်းဆောင် ဒေါက်တာ ဆွန်ပက်ဆန်နှင့်တွေ့ဆုံပြီး တရုတ်ပြည်လွတ်မြောက်ရေးကို ဆွေးနွေးခဲ့သည်။
🎀1907 🎀
၁၉၀၇- နှစ်တွင်ဗမာပြည်သို. ပြန်လာကာ ရန်ကုန်မှ စင်္ကာပူ၊ ထိုမှတဆင့် ဂျပန်သို. ကြွရောက်ခဲ့ပြီး ဂျပန်ဘာသာစကားကို တစ်နှစ်ခန်.သင်ယူခဲ့သည်။
၁၉၀၇-ခုနှစ် ၊ ဇန်နဝါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုူး(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူ နေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။
🎀1909 🎀
၁၉၀၉ ခုနှစ်တွင် ဆရာတော်သည် ဒေါက်တာဆွန်ယက်ဆင်၏ ပင့်လျှောက်မှုကြောင့် တိုကျိုတက္ကသိုလ်မှ ခွင့်သုံးလယူကာ တရုတ်နိုင်ငံသို့ လိုက်ပါသွားခဲ့ သည်။
🎀1910 🎀
၁၉၁၀- မြန်မာပြည်သို့အပြန်တွင် ကိုရီးယား၊ မန်ချူးရီးယားပြည်၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံတို့ကို ခရီးဆက်ပြီးလေ့လာခဲ့သည်။
၁၉၁၀-အင်ဒိုချိုင်းနားဆေးရုံမှာ မြင်ကွင်းမင်းသားကြီးနှင့် တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံသို့သွားရောက်ကာ သီပေါမင်းနှင့်တွေ့ဆုံဖို့ကြိုးစားခဲ့သည်။
🎀1911 🎀
၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်တော်မူသည်။
၁၉၁၁ -ခုနှစ်တွင် မြန်မာပြည်သို့ရောက်ရှိသည်။မြန်မာနိုင်ငံသို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ဝံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “ဝံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။
၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကိုကိုင်၍ တရားဟောစင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့သည်။
၁၉၁၁-ခုနှစ်တွင် ရန်ကုန်သို.ပြန်ရောက်ပြီး YMBA (ခေါ် )ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတွင် စိတ်အားထက်သန်စွာ ဝင်ရောက် ကူညီလုပ်ဆောင်ခဲ့ရာ အစိုးရစုံထောက်များက တကောက်ကောက်လိုက်ကြတော့သည်။
🎀1912 🎀
၁၉၁၂- ခုနှစ် ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။
၁၉၁၂-ခုနှစ်တွင် ဂျပန်ပြည်သို့ ဒုတိယအကြိမ်ပြန်လည်ကြွချီသည်။ ထိုခရီးတွင် ညီမရင်းဖြစ်သူ မအိမ်စိုးနှင့် လူငယ်သုံးဦးကို ဂျပန်တွင်ပညာ သင်ရန်ခေါ်ဆောင်သွားခဲ့သည်။
၁၉၁၂ -ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ဂျပန်ပြည်တိုးတက်ပြောင်း လဲမူနှင့်နေထိုင်မူပုံစံစရိုက်အ ကြောင်း စာသုံးစောင်ပေးပို့ခဲ့သည်။
🎀1914 🎀
၁၉၁၄ခုနှစ်တွင်တတိယအကြိမ်အဖြစ် ဂျပန်ပြည်သို့သွားရောက်ခဲ့ပြန်သည်။
၁၉၁၄ -ဂျပန်ပြည်အတ္ထုပတ္တိ စာအုပ်ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
၁၉၁၄-သူရိယခေါင်းစီးပိုင်းတွင် ဝံသာနုရက္ခိတတရား မြန်မာများ စောင့်စည်းရေး ဆောင်းပါးများကို ရေးသားခဲ့သည်။
🎀1917 🎀
၁၉၁၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာ၍ ထိုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ရန်ကုန်က စင်ကာပူမြို့သို့ သင်္ဘောစီး၍ ထွက်ခွာ၏။
🎀1919 🎀
၁၉၁၉ -ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။
၁၉၁၉ ခုနှစ် တွင် ဂျပန်မှ ပြန်လာသောအခါ ဆရာတော်သည် သူရိယသတင်းစာ၌ ခေါင်းကြီး၌လည်းကောင်း၊ ဝံသာနုရက္ခိတတရားကို မြန်မာများစောင့်စည်းရေး ဆောင်းပါးများကိုလည်းကောင်း ရေးသားသည်။
(၁၉၁၉) ခုနှစ်တွင် ဗမာပြည်သို. ပြန်လည်ကြွရောက်လှုာပီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံးကာ “ဂျပန်ပြည်အေ-ကာင်း” စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။
🎀1920 🎀
၁၉၂၀-ခုနှစ်တွင် ထိုစဉ်က မြန်မာပြည် ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွားလိုက်ပါဟူသော စာတစ်စောင်ကို ရေးသားပေးပို့လိုက်သည်။
၁၉၂ဝ- ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုင်နက် မီရာ သင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။
၁၉၂၀- မတ်လ (၂၃) ရက်နေ.က ဖျာပုံခရိုင်၊ ဒေးဒရဲမြို.နယ်၊ ဆူးကလပ်ကျေးရွာတွင် “လိပ် အခွံခွါမည်” ဟူသောခေါင်းစဉ်ဖြင့် တရားဟောပြောသောကြောင့် အလုပ်-ကမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးခံရသည်။
🎀1921 🎀
၁၉၂၁ -အာရောဂျံ ဒီပနီ စာအုပ်ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
၁၉၂၁ -ဂျပန်ပြည်ယောကျာ်း၊ မိန်းမများ စာအုပ်ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
၁၉၂၁-ခုနှစ်တွင် ဒေးဒရဲမြို့နယ် ၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင် ဦးဥတ္တမဟောပြောခဲ့သော နိုင်ငံရေးတရားများသည် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ-၁၂၄(က)နှင့် ၁၅၃(က) တို့ဖြင့် ဖမ်းဆီးပြီး မအူပင်ခရိုင်တရား ရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လအလုပ်မဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံရသည်။
၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် ဆရာတော်၏ ဝါယမစိုက်ထုတ်မှုကြောင့် သံဃာ့သမဂ္ဂီ အဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။
၁၉၂၁- ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။
🎀1922 🎀
၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
(၁၉၂၂) ဇူလိုင်လ (၂) ရက်နေ- ဂျူဗလီဟော၌ ထောင်မှလွတ်မြောက်လာ သောဆရာတော်ကို ကန်တော့ပွဲသဘင်ကျင်းပရာ လူတစ်သောင်းမက စည်ကားခဲ့သည်။ယင်းပွဲတွင်လယ်တီပဏ္ဍိတဆရာဦးမောင်ကြီးက ဆရာတော်အားဘုန်းတော်ဘွဲ့ မင်္ဂလာရတုဖြင့်ပူဇော်ခဲ့သည်။
၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော် ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေး ဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။
၁၉၂၂-အိန္ဒိယပြည် ဂယာမြို့တွင် ကျင့်ပသော ကွန်ကရက်အသင်းကြီး၏ ညီလာခံသို့တက်ရောက်ခဲ့သည်။
🎀1923 🎀
(၁၉၂၃) ဇူလိုင်လမှ စက်တင်ဘာလတွင် ဉရောပနိုင်ငံများ သို လှည့်လည်ကာ နိုင်ငံတကာဗဟုသုတ ရှာဖွေခဲ့သည်။
၁၉၂၃-ခုနှစ် ဇွန်လဆန်းမှစ၍ အင်္ဂလန် ၊ ထိုမှတဆင့် ပြင်သစ် ၊ စပိန် ၊ ဆွစ်ဇာလန် ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ နော်ဝေးစသော ဥရောပတိုက်ရှိ နိုင်ငံများစွာကို လှည့်လည်ပြီး နိုင်ငံရေး လှုပ်ရှားမှု များကို လေ့လာခဲ့သည်။
🎀1924 🎀
၁၉၂၄ -ဟုမ်းမရူးဒီပနီ စာအုပ်ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
၁၉၂၄-သြဂုတ်လ(၁၅)ရက်နေ့တွင် ဂျီစီဘီအေမှ ပင့်လျောက်၍ မန္တလေးသို့ကြွရာ အဓိကရုန်းဖြစ်ပွားသိအတွက် ရန်ကုန်သို့ ပြန်ပို့ခံရသည်။
၁၉၂၄-စက်တင်ဘာ(၂၀)တွင် မန္တလေးအဓိကရုဏ်းကြောင့် တပည့်တကာများသံဃာများ အဖမ်းခံရကြောင်း သိရသောအခါ ရန်ကုန်မြို့၊ လမ်းမတော်ရပ် ဘုန်းကြီးလမ်းနှင့် ကျုံးကြီးလမ်းဒေါင့်ရှိ ရာဖီရှပ်ရှင် နန်းတော်ရုံတွင် အစိုးရဆန့်ကျင်ရေးတရားဟောခဲ့သည်။
၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။
၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃ နှစ် ရုံးတွင် အပြစ်ပေးခံခဲ့ရသည့်အခါ ဖိုက်စကွဲယားပန်းခြံ (ဗန္ဓုလပန်းခြံ)တွင် သွေးမြေကျ လူထုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ယင်းမှအစပြု၍ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ လွှမ်းမိုးပြန့်ပွားသွားကြပြန်သည်။
🎀1925 🎀
၁၉၂၅- ဥရောပခရီးစဉ် အခန်းဆက်ဆောင်းပါး ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
🎀1927 🎀
၁၉၂၇- ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။
၁၉၂၇- မတ်လ (၂၀)ရက်နေ.တွင် ပြန်လည်လွတ်မြောက်လာသောအခါ ပဲခူးနယ်တွင် ကျင်းပသောသံဃာ-သဝါဒခံ ဉီးစိုးသိမ်း၏ (၁၄) ကြိမ်မြောက် မြန်မာအသင်းချုပ်အစည်း အဝေးသို.တက်ရောက်လျက် တရားဟောစင်မြင့်ပေါ်မှနေ၍ သင်္ကန်းကိုလှန် ကာ အကျဉ်းသားဝတ်စုံဖြင့် ၎င်း၏ရုပ်သွင်ကို ပရိသတ်အား (၅) မိနစ်ခန်.ပြသခဲ့သည်။
၁၉၂၇ -ဒိန်းဒလိန်းနတ် စာအုပ်ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
🎀1928 🎀
၁၉၂၈ -တရုတ်ပြည်ခရီးစဉ်ဆောင်းပါး ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။
၁၉၂၈-ဒီဇင်ဘာလ(၂၆)ရက်နေ့တရုတ်ကူမန်တန်ခေါင်ဆောင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ကြွရောက်ခဲ့သည်။
🎀1929🎀
၁၉၂၉-မတ်လ(၂၈)နန်ကင်းတွင် ကွယ်လွန်သည့် တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်အတွက် အိန္ဒိယ အမျိုးသားလွတ်တော် ကိုယ်စားလှယ်အနေဖြင့် လွမ်းသူ့ပန်းခွေချခဲ့သည်။
၁၉၂၉-စက်တင်ဘာလ (၁၀)ရက်နေ့တွင် ဆရာတော်ဦးဥတ္တမ၏ သာသနာ့အာဇာနည် အရှင်ဝိစာရသည် ထောင်တွင်(၁၆၆)ရက်အစာငတ်ခံ၍ ပျံလွန်တော်မူသည်။
🎀1930 🎀
၁၉၃၀-စစ်တွေဝင်္ဂဘာကွင်းတွင် ဆရာတော် နိုင်ငံရေးတရားဟောသည်။
၁၉၃၀-တွင်အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွန်ကရက်ပါတီ ကွန့်ဖရင့်သို့ ဘုရားဖူးခရီးသည်၂၀နှင့်အတူ ကြွခဲ့လေသည်။
🎀1931 🎀
၁၉၃၁-မေလ-၂ရက်နေ့ Lalibuhai Samaldas, Anandrao L. Nair, M. R. Jayakar, unnamed servant, Madgaonkar, C. A. Muehhala, K. A. Padhye, Prof. Phadines တို့နှင့်တွေ့ဆုံခဲ့သည်။
🎀1935 🎀
၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံနှင့်ခွဲကာ ၉၁ ဋ္ဌာန အုပ်ချုပ်ရေးပေးချိန်လည်းဖြစ်သည်။
၁၉၃၅-မြန်မာနှင့်အိန္ဒိယကိုခွဲကာ ၉၁ဌာနအုပ်ချုပ်ရေးကြောင့် အကွဲအပြဲဖြစ်လာ၍ လေးစားကြည်ညိုသူများက ဆရာတော်ကို အမျိုးမျိုးစွပ်စွဲလာခဲ့ကြသည်။
၁၉၃၅-နိုဝင်ဘာ(၁၁)ရက်တွင် ရန်ကုန်မြို့ ဂျူဗလီဟောတွင် ပြည်လုံးကျွတ်အစည်းအဝေးကျင့်ပရာ ဆရာတော်က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီးတရားဟောခဲ့သည်။
🎀1936 🎀
မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုင်ဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေကြသည်။
၁၉၃၆- နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရာ ငါးပွင့်ဆိုင်အဖွဲ.၏ ပင့်ဖိတ်ချက်အရ ဆရာတော်သည် အှုမို.မြို. အနယ်နယ် လှည့်လည်၍တရားဟောကြားခဲ့ရသည်။
🎀1937 🎀
၁၉၃၇ -ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့ စာအုပ်ကိုထုတ်ဝေဖြန့်ချီခဲ့သည်။
🎀 1938 🎀
၁၉၃၈-ခုနှစ်တွင်ဆရာတော်သည် တရုပ် နှင့် ဂျပန် အမည်ရှိစာအုပ်ကို ထုတ်ဝေဖြန့်ချီခဲ့သည်။
၁၉၃၈ -တရုတ်နှင့်ဂျပန်စာအုပ်ကို ခုနှစ်တွင် စတုတ္ထအကြိမ် ပုံနှိပ်ခဲ့သည်။
🎀1939 🎀
၁၉၃၉ ဆရာတော်၏ဩဇာ အရှိန်အဝါဖြင့် ငါးပွင့်ဆိုင်အဖွဲ့သည် အမတ် ဦးရေ ၄၆ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ဘုရားပြီးငြမ်းဖျက်သကဲ့သို့ ဆရာတော်အား စွန့်ပစ်လိုက်ကြသည်။
၁၉၃၉- သြဂုတ်လ တစ်ရက်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် မိုးသည်းထဲ၌ သတိလစ် မေ့မြောသွားခဲ့သည်။
၁၉၃၉-သြဂုတ်လ(၇)ရက်နေ့တွင် ရန်ကုန်မြို့ရခိုင်ကျောင်းသားရဟန်းတော်များ သည်၄ကြိမ်မြောက်အစည်းအဝေးမှ ဆရာတော်အား စောင့်ရှောက်ရန်ဆုံးကြသည်။
၁၉၃၉-သြဂုတ်လ၂၅ရက်နေ့တွင် သူရိယဦးဘကလေး၊မြို့တော်ဝန်ဦးဘဝင်း၊ကပ္ပတိန် ဘဖူးတို့ဆေးရုံလာတွေ့ကြသည်။
၁၉၃၉-သြဂုတ်လ၂၇ရက်နေ့တွင် ဦးဘကလေးအကူအညီဖြင့် ကုသိုလ်ခန်းမှ အထူးခန်း၁၃ ကုတင်နံပါတ်၁၁-သို့ပြောင်းရွေ့သည်။
၁၉၃၉ ခု၊ စက်တင်ဘာလ ၉ ရက်(စနေနေ့သို့ အဝင် ညဉ့်သန်းခေါင်ကျော် ၁ နာရီ ၃၅ မိနစ်အချိန်) တွင် သက်တော် ၆ဝ အရွယ်၌ ပျံလွန်တော်မူသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ဝါ ရှိပြီဖြစ်သည်။(ပျံလွန်တော်မူသောအခါ၌ပင် ယိုကိုဟာမာစပိစိဘဏ်တိုက်၌ သူ့ပိုင်ရံပုံငွေ ယန်း- ၂၀၀၀၀ ရှိသည်။
ထိုအခါက ဗမာငွေ (၂၅၀၀၀) မျှ တန်သေး၏)
၁၉၃၉ ခု၊ စက်တင်ဘာ (၁၁) ရက်နေ့တွင် ဆရာတော်ရုပ်ကလာပ်အား ရွှေတိဂုံခြေရင်းသို့ပို့ဆောင်သည်။
၁၉၃၉ ခု၊ စက်တင်ဘာ (၁၁) ရက်နေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။
၁၉၃၉ ခုနှစ် စက်တင်ဘာလ (၁၁)ရက်၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမတ်များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုထံ ဝမ်းနည်းသဝဏ်လွှာပို့ရန်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတိုင်ပင်အမတ်အားလုံးက တညီတညွှတ်တည်း အတည်ပြုကြသည်။
🎀1940 🎀
ဆရာတော်၏ နောက်ဆုံးခရီး အန္တိမ ဈာပနကို ၁၉၄၀ ခု၊ မတ်လ ၂၂ ရက်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံခြေတော်ရင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့်ပင် သဂြိုဟ်ခဲ့ကြလေသည်။(ကိုလိုနီခေတ်ဦး ပထမစာမျက်နှာ မျိုးချစ်အာဇာနည်(သို့မဟုတ်) မျဉ်းဖြောင့်ပေါ်မှာ အာရှကြယ်နီ စာအုပ်မှ)
🎀1947 🎀
၁၉၄၇ ခု စက်တာဘာ (၉) ရက်နေ့တွင် -စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။
🎀1954 🎀
၁၉၅၄ -ခုနှစ် စက်တင်ဘာလက ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်တွင်လည်း ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးသတိရသော အထိမ်းအမှန်ဖြင့် ပြောဆိုကြပေသည်။
🎀1962 🎀
1962-ဇန်နဝါရီလ(၁၇)ရက်နေ့၊ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအစိုးရက ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်ရှိ ကန်တော်မင်ပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ခွင့် ခွင့်ပြုလျှက် ကျမ္မာရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဘစောကိုယ်တိုင် ဖွင့်လှစ်ခဲ့သည်။
၁၉၆၂-ခုနှစ်မတ်လ(၂)ရက်နေ့ တော်လှန်ရေးကောင်စီလက်ထက်တွင် ဆရာတော်ဦးဥတ္တမပန်းခြံ ဆိုင်းဘုတ်နှင့် ဆရာတော်ရုပ်တုကို ဖယ်ရှားကာ ကန်တော်မင်္ဂလာဆိုင်းဘုတ်ကို တင်ထားခဲ့သည်။
🎀1963 🎀
၁၉၆၃ ဇန်နဝါရီလ (၁၀) ရက် ကြာသပတေးနေ့၌ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။
🎀1976🎀
၁၉၇၆-မြန်မာ့စွယ်စုံကျမ်းအတွဲငါး။ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်တို့တွင် ဆရာတော်ဦးဥတ္တမအတ္ထုပ္ပတ္တိကို ဂုဏ်ပြုဖော်ပြခဲ့ကြသည်။
🎀1988 🎀
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အာဏာပိုင်တို့သည် ရွှေတိဂုံ စေတီတော် အနီးရှိ ဦးဥတ္တမပန်းခြံကို ကန်တော်မင် ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမရုပ်တုကို မွမ်းမံမှု မရှိခြင်း၊ ဆရာတော် ရုပ်တုကို အရိုအသေပေးမှုများအား တားမြစ် အရေးယူခြင်းများ ပြုလုပ်ခဲ့သည်။
၁၉၈၈-၈၉ -ပညာသင်နှစ် သင်ရိုးညွန်းတမ်း မြန်မာ့သမိုင်းဖတ်စာစတုတ္ထတန်းတွင် ဦးဥတ္တမခေါင်းစဉ်ဖြင့်ဖော်ပြခဲ့သည်။
🎀2010 🎀
၂၀၁၀ခုနှစ်အထိ ဆရာတော်ကို ဂါရဝပြုခွင့်မပေးခဲ့ပေ။
၂၀၁၁ခုနှစ်တွင်မှ ပန်းခွေချခွင့်၊ဆီမီးပူဇော်ခွင့်ရသည်။
🎀2013 🎀
၂၀၁၃ ဇွန် ၂၀-ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် ဆရာတော် ဦးဥတ္တမပြတိုက် တစ်ခု ဆောက်လုပ်ရန် ရန်ပုံငွေရှာဖွေသည့် အနေဖြင့် ဆရာတော် ဦးဥတ္တမအတ္ထုပတ္တိ သမိုင်း ဗွီစီဒီခွေကို စတင်ပြီး ရောင်းချခဲ့ကြသည်။
၂၀၁၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့(စနေ) နေ့လယ် ၂ နာရီအချိန်တွင် ဆရာတော် ဦးဥတ္တမ၏ မြန်မာ ဂျပန်(နဂိုယာ) ချစ်ကြည်ရင်းနှီးမှု နှစ်(၁၀၀)ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။
၂၀၁၃-စက်တင်ဘာလ(၉)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားဝန်ကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံပါဝင်သော တက်ရောက်သော တကြော့ပြန်အခန်းနားဆုံးဦးဥတ္တမနေ့ကို နိုင်ငံတော်အဆင့်ကျင့်ခဲ့သည်။
🎀2015 🎀
၂၀၁၅-ဇန်နဝါရီလ(၂၃)ရက်တွင်ကျင့်ပသော ပထမအကြိမ် ပြည်သူလွတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်ဦးမောင်ညိုမှ အဆိုတင်သွင်းခဲသောကြောင့် ပြည်သူလွတ်တော်မှ ဦးဥတ္တမပန်းခြံ အမည်ဖြင့် ဆုံးဖြတ်ခွင့်ပေးခဲ့သည်။
၂၀၁၅-ခုနှစ်စက်တင်ဘာလ(၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ချုပ်မှ ဓာတ်ပုံနှင့်ဖော်ပြခဲ့သည့် ဦးဥတ္တမပန်းခြံကို အသိအမှတ်ပြု၍ လူပေါင်းငါးသောင်းခန့် ဦးဥတ္တမနေ့အခန်းအနားကို ဦးဥတ္တမပန်းခြံ ဒဂုံမြို့နယ်တွင် ကျင့်ပနိုင်ခဲ့သည်။
🎀 🎀 🎀ကိုးကား 🎀 🎀 🎀
1.my.wikipedia.org/wiki/ဦဥတမ
4.ကမ္ဘာကျော်လွတ်လပ်ရေးဗိသုကာ ဆရာတော်ဦးဥတ္တမ(အင်္ဂလိပ်+မြန်မာ)-ပရိုဖက်ဆာ ဦးမင်းလွင်
5.Buddhist Annual of Ceylon, Vol. 4, 1 (1931), p. 94
https://www.myanmardigitalnewspaper.com/my/rkhiung-aaajaannny-chraatteaauuuttttm
🔕 မှတ်ချက်။ ဘလော့မှ ယူဆောင်လာသောအကိုးအကားလင့်များပါဝင်လာပါက fbမှ ပယ်ဖျက်သောကြောင့် ယင်းအကိုးအကားလင့်များအားချန်လှစ်ထားခဲ့သည်။
👦 YaThaWinTha 👦