ထိုင်းနိုင်ငံနန့် ဗုဒ္ဓဘာသာ
------------------------
ထိုင်းနိုင်ငံစွာ ထေရဝါဒဗုဒ္ဓဘာသာ (၅) နိုင်ငံထဲက အပါအဝင် နိုင်ငံ တနိုင်ငံ ဖြစ်ပါရေ။ ၂၀၂၅ခုနှစ် ထိုင်းသာသနာရီး ဦးစီဌာနထုတ်ပြန်ချက်အရဆိုရကေ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အရီအတွက် ဘုန်းကြီးကျောင်း (ဝတ်) စုစုပေါင်း ၄၄၁၉၅ ဟိရေလို့ဖော်ပြထားပါရရေ။
ယင့်အထဲမာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ စွန့်ပစ်ထားရရေ ဘုန်းကြီးကျောင်း ပေါင်း ၅၃၈၈ ကျောင်းဟိ ဟိရေ လို့ဆိုပါရေ။
(ဇာဖြစ်လို့ စွန့်ပစ်လိုက်ရလည်းဆိုကေ မျိုးဆက်ပြတ်လတ်မူကြောင့် ဖြစ်ပါရေ ။ စကေလောက် နားလည်ပိုင် ယှင်းပြပါမေ။ ထိုင်းမာလေ့ ပညာရီးစနစ်ကို ရပ်ရွာတိမှာ အခြီမတည်ပါ။
ရွာကျောင်းမာ ပါဠိအဆင့် ၃ လောက်ရာ ကျေးရွာကျောင်းထိုင်ဆရာက သင်ပီးပြီးကေ ဘန်ကောက်သို့ ပို့လိုက် ပါရေ။
ပါဠိ အဆင့် ၆အထက်စွာသည် ဘန်ကောက်ရို့ ပိုင် မြို့ဖက်တိမာရာ စာသင်တိုက်အဖြစ်ထား ဟိပါရေ။ တိုးတက်လာရေမြို့စနစ်တိအောက်မာ မျိုးဆက်တိစွာ ရွာကျောင်းကို မပြန်ချင်လာ ရေခါ ရွာမျိုးဆက်ပြတ်လှပ်လာပါရေ။
သာသနာ့မျိုးဆက် အများဆုံးထွက်မူကလည်း တောရွာတိက ဖြစ်ပါရေ။ ရွာတိဘက်က အဆက်ပြတ်လာရရေခါ ကျောင်းထိုင်ဆရာတော် မဟိရေနောက်ပိုင်း ကျောင်းတိ ဖျက်ပစ်ရ ၊ စွန့်ပစ်ရ အဆင့်ထိ ဟိလာပါရေ ။
ဒေသင်ခန်းစာစွာ ကိုယ်ရို့ ရခိုင်မာလေ့ ရိုက်ခတ်နီပါရာ။ ငယ်လတ်ကြီး အောင်ကေ မြို့ပို့ပစ်တေ။ ကိုယ်ရခိုင်ထဲက မြို့ဆိုကေ တော်သိမ့်ယင့်။ ရန်ကုန်-မန္တလေး-ပြည်-ပဲခူး ရခိုင်သံဃာတိ ပေါလာပြီးကေ ရခိုင်မာသံဃာတိနည်းလာနီရာ၊ ကျောင်းတကျောင်း၊ ဘုန်းကြီးတပါး ကိုရင်တောင် ယှားလာနီရာ။
မျိုးဆက်တိကလေ့ ကိုယ့်ရပ် ကိုယ့်ဒေသ ပြန်မကြွလာကေ ကြာလာကေ ရွာကျောင်းစွာ မျိုးဆက်ပြတ်လားပါရေ။ ဒေအခြီအနိန်ကို ရခိုင်မာ ပြန်သုံးသုံးသပ်ဖို့ လိုနီရာ ထင်မိပါယင့်)
၂၀၁၆ ခုနှစ်ထိုင်းနိုင်ငံ သံဃာစာရင်းအရ ထိုင်းနိုင်ငံမာ သံဃာတော်ပေါင်း 298,580 ပါးဟိပြီးကေ
မဟာနိကာယဂိုဏ်းက 264,442 ပါးနန့်
ဓမ္မယုတ္တိကနိကာယဂိုဏ်းမှ 34,138 ပါး
ဟိရေလို့ ထုတ်ပြန်ထားပါရေ။ ယင့်ချင့်ထဲမာ ကိုရင်ပေါင်း 59,587 ပါးဟိပါရေ။(ယင့်နောက်ပိုင်းသံဃာ့စာရင်း မထုတ်ပြန်) ။ ထိုင်းနိုင်ငံ လူဦးရေ ၉၃.၄ ရာခိုင်နှုန်းခန့်စွာ ဗုဒ္ဓဘာသာဝင်တိ ဖြစ်ကတ်ပါရေ။
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာစွာ ခရစ်ယာန်နှစ် ၁၃ ရာစုကစတင်ပနာ သောက္ကတဲခေတ် (သို့) သုခေါဒယ ခေတ် မာ ထင်ရှားလာခရေလို့ သိရပါရေ။ ရမ်းခမ်းဟဲန်ဘုရင် (၁၂၇၉-၁၂၉၈) စွာ ထေရဝါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ခိုင်မာအောင် ထူထောင်ခသူဖြစ်ပါရေ။ အယုဒ္ဓယခေတ် (၁၃၅၁-၁၇၆၇) နန့် ဘန်ကောက်ခေတ် (၁၇၈၂-လက်ဟိ) မာ ဗုဒ္ဓဘာသာစွာ ယဉ်ကျေးမှုဘောင်စနစ်မာ ပိုပြီးကေ ထင်ယှား လာပါရေ။
ထိုင်းဘုရင်တိစွာ သာသနာကို ထိန်းသိမ်းဖို့နန့် ပြန့်ပွားစီဖို့ ဘုန်းကြီးကျောင်းတိ၊ စေတီပုထိုးတိ၊ သံဃာ့တက္ကသိုလ်တိ တည်ဆောက်ပြီးကေ သံဃာ့အဖွဲ့အစည်းကို ထောက်ပံ့ခပါရေ။ ၁၉ ရာစုမာ ရာမ ၄ ဘုရင် (၁၈၅၁-၁၈၆၈) လက်ထက်မာ သံဃာ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲမှုတိ ပြုလုပ်ခပြီးကေ ဓမ္မယုတ္တိကအဖွဲ့(သံဃာ့နာယက)ကို တည်ထောင်ပြီးကေ သာသနာ့သွန်သင်ချက်တိကို စံချိန် စံညွှန်း သတ်မှတ်ခကတ်ပါရေ။
ထိုင်းဘုရင်တိစွာ ဗုဒ္ဓဘာသာဧ့ "ဓမ္မရာဇာ" (ဓမ္မနန့်အညီ အုပ်ချုပ်ရေဘုရင်) အဖြစ် သတ်မှတ်ခံရပြီးကေ သာသနာ့ထိန်းသိမ်းသူအဖြစ် အဓိကအခန်းကဏ္ဍက ပါဝင်ပါရေ။
ထိုင်းနိုင်ငံသမိုင်းတလျောက်မာလေ့ သံဃာပါဝင်မူဝင်မူစွာ ကြီးမားခတ်ပါရေ။ ဘုရင်တိကို သြဝါဒပီး လမ်းပြပီးခြင်းနန့် ရှိက မားမားမတ်မတ် ရပ်တည်ခကတ်ပါရေ။ အယုဒွယအရေးအခန်း၊ ခမာ(လက်ဟိကမ္ဘောဒီယား) အရေးအခန်းတိ စရေ အရေးကြီးရေ အခန်းတိမာလည်း ဘုရင်နန့် ပြည်သူတိ ရှိက သံဃာတိ ရပ်တည်ခတ်ပါရေ။ ရန်သူတိပစ်မှတ်က သံဃာတွိ့ကေ အသျှင်မထားအထိ မိုက်ရိုင်းခတ်စွာကို ဘုရင်တိ ကောင်းကောင်းနားလည်ခတ်ပါရေ။
(သံဃာတုဟန်ဆောင်ပြီး ထိုင်းသံဃာတိကို ကွပ်မျစ် လုပ်ကြံမူတိပေါများခ)။ ယင့်အချက်တိကြောင့်လည်း ဘုရင်တိစွာ သာသနာကို နိုင်ငံတော်အဆင့် ဦးထိပ်ထားပါရေ။
ဘုရင်တိစွာ သံဃာ့အဖွဲ့အစည်းကို ကြီးကြပ်ပြီးကေ ဘုန်းကြီးတိ ခန့်အပ်မှုနန့် သာသနာ့ရီးရာတိကို ပါဝင်ခပါရေ။ ရာမ ၅ ဘုရင် (၁၈၆၈-၁၉၁၀) လက်ထက်မှာဆိုကေ သာသနာ့ပညာရီးကို ခေတ်မီစီဖို့ ကြိုးပမ်းခပြီးကေ ဘုန်းကြီးကျောင်းတိမာ သင်ကြားမှုတိကို စည်းကမ်းတကျ ပြုပြင်ခပါရေ။ ဘုရင်တိကိုယ်တိုင်လည်း ဒုလ္လဘရဟန်းစီးခြင်းတိကို ပြုလုပ်ကတ်ရပါရေ။ ယကေလေ့သော ၁၉၃၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဘုရင်စနစ်သို့ ကူးပြောင်းပြီးနောက်မာ ဘုရင်ဧ့ သာသနာ့ရီးရာအာဏာစွာ အကန့်အသတ်ဟိလာခပြီးကေ အစိုးရက သာသနာ့ရီးရာတိကို ထိန်းသိမ်းဖို့ တာဝန်ယူခပါရေ။
ထိုင်းနိုင်ငံ သံဃာ့ပညာရီးစွာ ဘုန်းကြီးကျောင်းတိနန့် သာသနာ့တက္ကသိုလ်တိမာ ဗဟိုပြုထားပါရေ။ ပါဠိဘာသာ၊ ဗုဒ္ဓဝါဒနန့် ဓမ္မဝိနယရို့ကို အဓိကသင်ကြားပြီးကေ ဘုန်းကြီးတိအတွက် ပါဠိစာမေးပွဲအဆင့် ၁-၉ ကို ကျင်းပပါရေ။ ရာမ ၅ ဘုရင်လက်ထက်မာ သံဃာ့ပညာရီးကို စံချိန်စံညွှန်းဖြစ်စီဖို့ မဟာမာကုဋရာဇဝိဒျာလယ (Mahamakut Buddhist University) ကို ၁၈၉၃ ခုနှစ်မာ စပြီးကေတည်ထောင်ခပြီးကေ။ ယင့်ချင့်အပြင် နိုင်ငံတကာရင်ဘောင်တန်းနိုင်စီဖို့ မဟာချူလာလောင်ကွန်းရာဇဝိဒျာလယ (Mahachulalongkornrajavidyalaya University) ကို ၁၈၈၇ ခုနှစ်မာ တည်ထောင်ခပြီးကေ သံဃာတိကို ဗုဒ္ဓစာပီအပြင် ခေတ်မီပညာရပ်တိပါ သင်ကြားပီးစီခပါရေ။ ဂုဆိုလိုဟိကေ နိုင်ငံပေါင်း ၂၀ကျော်က လာရောက်သင်ကြားရာနိန်ရာ ဖြစ်လာပြီးကေ လူရော ရဟန်းရော ပညာရီးစနစ်ကို ခေတ်နန့်အညီ သင်ကြားနိန်ကရာ ဖြစ်ပါရေ။
ထိုင်းနိုင်ငံမာသာသနာရီးဆိုင်ရာတိကို သာသနာရီးဌာန (Department of Religious Affairs) နန့် သံဃာ့မဟာနာယကအဖွဲ့ (Supreme Sangha Council) ရို့က ပူးပေါင်းဆောင်ရွက်ပါရေ။ သာသနာရီဌာနစွာ ဘုန်းကြီးကျောင်းတိဧ့ ဘဏ္ဍာရီး ထောက်ပံ့မှု၊ ဘာသာရီးပွဲတိနန့် သာသနာ့ရီးရာတိကို ကြီးကြပ်ပါရေ။ သံဃာ့မဟာနာယကအဖွဲ့စွာ သံဃာတိ စည်းကမ်းထိန်းသိမ်းရီး၊ ခန့်အပ်မှုနန့် သာသနာ့ဆုံးဖြတ်ချက်တိကို ဦးဆောင်ပါရေ။
၁၉၀၂ ခုနှစ်မာ ရာမ ၅ ဘုရင်က သံဃာ့အုပ်ချုပ်ရီး အက်ဥပဒေ (Sangha Act) ကို ပြဋ္ဌာန်းခပြီးကေ သံဃာ့အဖွဲ့အစည်းကို ဗဟိုချုပ်ကိုင်မှုနန့် စီမံခန့်ခွဲခရေ။ ဂုအခါ ယင့်အက်ဥပဒေကို ပြုပြင်ပြောင်းလဲထားပြီးကေ သံဃာ့အဖွဲ့အစည်းစွာ အစိုးရနန့် လွတ်လပ်စွာ သာသနာ့ရီးရာတိကို ဆောင်ရွက်ပါရေ။ သာရေးနာရီးအတွက် ဘုန်းကြီးကျောင်းတိစွာ လူမှုဝန်ထမ်းလုပ်ငန်းတိ၊ အသုဘအခမ်းအနားတိနန့် ဘာသာရီး ထုံးတမ်းတိကိုလေ့ ဦးဆောင်ဆောင်ရွက်ပီးရပါရေ။
(တရက်နိက မြန်မာနိုင်ငံက ဆရာတော်တပါးတရားဟောစွာမာကြားလိုက်ပါယင့်။ ထိုင်းကျောင်းတိမာ မီးသဂြိုလ်စက်ထားရေ၊ ယကေ ဘုန်းကြီးတိကား မဟုတ်ရာ ထိုင်းဘုန်းကြီးတိစွာ သုသာန်စောင့် အဆင့်ရာလို့ စွပ်စွဲထားစွာတွိ့ရပါရေ။ ဒေချင့်စွာသည် ထိုင်းသံဃာနန့်လူ့အသိုင်းအဝိုင်းဖွဲ့စည်းပုံကို နားမလည်လို့လေ့ ဖြစ်နိုင်ပါရေ။ မြန်မာဓလေ့အရဆိုကေတော့ သုသာန်စွာ ရွာပြန်မာထားရပါရေ။ အလောင်း ရွာထဲကသွင်းနာလားကေတောင် ခိုက်ရေလို့ ယူဆကတ်ပါရေ။ မှားရေမှန်ရေ ဆိုစွာက ဒေသလက်ခံကျင့်သုံးမူနန့်ရာဆိုင်ပါရေ။ ထိုင်းမှာတော့ခါ ရွာတရွာ၊ ရပ်ကွက်တစ်ခုမာ ကျောင်းတကျောင်းထက် ပိုဆောက်ခွင့်မပြုပါ။
ဘုန်းကြီးကျောင်းတိုင်းမာ မီးသဂြိုလ်စက်တစ်ခုနန့် မူလတန်း(သို့) အလယ်တန်း စာသင်ကျောင်းတစ်ခု တွဲပါရပါရေ။ (ထိုင်းနိုင်ငံနန့် ပညာရီးနစ် နောက်မှ တစ်ခုရီးပါမေ) ။ မီးသဂြိုလ်စက်ကိုလည်း ဘုန်းကြီးမပိုင်ပိုင် ကျောင်းကို ဘုန်းကြီးမပိုင်ပါ။ အစိုးရက ချမှတ်ပီးရေ သုဘရာဇာ ဆိုစွာသီးသန့်ထားပါရေ။ နာရီးကို သုဘရာဇာသာကိုင်ပါရေ။ ပင့်မှ ဘုန်းကြီးကြွခွင့်ဟိပါရေ။ ကျောင်းကို စည်းကမ်းဖောက်ကြောင်း သံဃာနာယက စစ်ဆေးတွိ့ကေ အစိုးရက သိမ်းပြီးကေ အသစ်ပြန်ချပီးပါရေ။ ဒေချင့်စွာ စနစ်ဖြစ်ပါရေ)
သံဃာစွာ အဖွဲ့အစည်းတရပ် ဖြစ်ပါရေ။ ယင့်ထဲမှာမှ နိုင်ငံတိုင်းမာ ဂိုဏ်းဂဏဆိုစွာလည်း ဟိပါသိမ်းရေ၊ ဒေပိုင်မတူညီ သိန်းနန့်ချီရေ အရီအတွက်ကြားမာ ငွေကြေးအလွဲသုံးစားမှု၊ အကျင့်ပျက်မှုတိ၊ စည်းကမ်းဖောက်ဖျက်မူတိ ဟိကတ်စွာပါရာ။ ထိုင်းမာလည်း ဒေပိုင်ပြဿနာတိဟိပိုင် မြန်မာနိုင်ငံမာလည်းပါရေ။ တခြားဗုဒ္ဓဘာသာနိုင်ငံတိမှာလည်း ဟိပါရေ။
တခြားအဖွဲ့အစည်းတိမာလည်းဟိပါရေ။ ယကေလည်း ယင့်ချင့်တိကို ဇာပိုင် ကိုင်တွယ်ဖြေယှင်းပီးလည်းဆိုစွာက အက္ခရာကျပါရေ။ ထိုင်းနိုင်ငံမာလည်း ဒါယိကာတိဧ ယုံကြည်မှု ထိခိုက်မူတိ ဟိခဖူးပါရေ။ လက်ဟိလည်းဟိနီဆဲ နောင်လည်း ဟိပါဖို့။ ယကေလည်းသော့ ယင်းပြဿနာတိ သံဃာ့မဟာနာယကအဖွဲ့နန့် အစိုးရက အချိန်မှီ ထိန်းသိမ်းဖို့ ကြိုးပမ်းပါရေ။
နိုင်ငံတိုင်းမှာ တဘာသာတည်းနိန်ကစွာမဟုတ်ပါ။ ဘာသာပေါင်းစုံနီကတ်ပါ။ တိုက်ရိုက်အပြစ်ကျူးလွန်စွာ ဟိဖို့ပိုင် ကျူးလွန်ခ ဖြေယှင်းခပြီး အပြစ်တိကို အခွင့်ကောင်းယူနာ အသုံးချဖော်ကောင် လုပ်နီကတ်စွာတိလည်း ဟိကတ်ပါဖို့။ ယင်းပိုင်အချက်တိကို ထိုင်းတိလက်မခံပါ။
ဉပမာ-သံဃာတပါးက ပြစ်မူကျူးလွန်ရေ။ သံဃာ့နာယက အချိန်မှီစစ်ဆီးရေ။ အစိုးရက အပြစ်ပီးရေ။
ယင်းပြီးဆုံးလားရေအမူကို အစိုးရခွင့်ပြုချက်မရပဲ ယူသုံးခွင့် မဟိစီရပါ။ သာသနာကို ထိပါးရီးသားချက်တိကိုလည်း ထိုင်းအစိုးရ အချိန်မှီ စစ်ဆီးအရီးယူပါရေ၊
(ဒေအချက်တိ ရခိုင်မာလည်း သတိချသင့်ရာ အရေးယူပြီး အမူတိကို ဇာချိန်ကဖြစ်ခစွာမှန်းမသိ။ အရေးယူပြီးမှန်းလည်းမသိ၊ ခွင့်ပြုချက်တောင်းခံမူလည်းမဟိပဲ ကိုယ်တင်ချင်ပိုင် ရီးတင်နီကတ်စွာတိကို ဘာသာခြားတိအတွက် လက်ခမောင်းခစရာ ဖြစ်စီပါရေ၊ သာသနာကို အဂင့်ချစ်ကေ Post ရီးတင်ပြီးချစ်ပြဖို့ကမလိုထင်မိရေ၊ ရပ်ကွက်၊ ရွာမှာ သံဃာအပြစ်ကျူးလွန်ကေ သက်ဆိုင်ရေ၊ ရပ်ကွက်၊ရွာ ဘုန်းကြီးကျောင်းတိုင်နိုင်ရေ။ ယထက်တိုင်ချင်ကေ သက်ဆိုင်ရေ၊ ရပ်ကွက်၊ရွာ၊မြို့နယ်၊ ဗဟို သံဃာ့နာယအဆင့်တိုင်လို့ရယင့်။ ယပိုင်မဟုတ်ကေ နီးစပ်ရေ အစိုးရ အသိပီးနိုင်ရေ။ ယင့်ချင့်မှ အဂယင့် ပြုပြင်ရာ ရောက်ပါရေ)
ထိုင်းနိုင်ငံဗုဒွသာသနာစွာ ပညာရီးပိုင်းမှာဆိုကလည်း နိုင်ငံတကာက အလေးထားရ နိုင်ငံတစ်ခုဖြစ်လာပိုင် စီမံခန့်ခွဲမူပိုင်းမှာလေ့ လေးစားလောက်ရေ နိုင်ငံတစ်ခုဖြစ်လာပါရေ။ တခြားနိုင်ငံတိမာ ဗုဒ္ဓဘာသာ ရာခိုင်နုန်းကျဆင်းလာကေလည်း ၉၃ ရာခိုင်နှုန်းထိစွာ မကျဆင်းပဲ တည်ဟိနိုင်အောင် ထိန်းထားနိုင်ပါရေ။ လက်ဟိအနိန်အထားအရ-
ထိုင်း လူဦးရီဧ့ ၉၃.၄ % ဗုဒွဘာသာ
မြန်မာ လူဦးရေဧ့ ၈၇% ဗုဒွဘာသာ
ဖြစ်ပါရေ။
သင်ခန်းစာယူစရာတိကတော့ခါ -
ရခိုင်သံဃာတိ ရခိုင်ပြည်တွင်းမာ ခိုင်မာရေ ပညာရီး သင်ကြားနိုင်ဖို့နန့် တခြားနိန်ရာ လားပြီးကေ သင်စရာမလိုအောင် ဆောင်ရွက်နိုင်ခကေ ရခိုင်ပြည်သံဃာစွာပြန်ပနာ အသက်ဝင်လာပါဖို့။ ထိုင်းတိမှာ ပညာရီးစနစ်ကို ဘာသာရီးနန့်လည်း ကင်းမလွတ်ရရောင် ခေတ်စနစ်နန့်လည်း မကင်းအောင် ရီးဆွဲခကေတော့ ရခိုင်သံဃာရခိုင်ပြည်မာ စာသင်ပျော်ပါလိ့မေ။
ရွာတစ်ရွာမာ နှစ်ကျောင်း၊ ရပ်ကွက်တစ်ခုမာ သုံးလေးကျောင်းဆိုစွာထက် ရပ်ကွက်တစ်ခုတကျောင်း၊ ရွာတရွာ တကျောင်းစနစ်စွာ ဘာသာရီးကျောင်းထူထပ်လာမူကို လျော့ချနိုင်လီဖို့ထင်ရေ။
တခြားတဖက်မာလေ့-
သံဃာ့တိကို ဝေဖန်စော်ကားနိန်မူစွာကို သာသနာကို ချစ်ရာမရောက်ပဲ။ လူငယ်ပိုင်းသံဃာတိကို စိတ်ဓာတ်ရိုက်ချိုးပစ်နီပိုင် ဖြစ်နီအတွက်နန့် သံဃာ့စည်းမျဉ်းအရ ပြစ်မူကျူးလွန်သူကော၊ အဟောင်းကို အစဖော်ပြီးကေ သံဃာ့ဂုဏ်ညိုးနွမ်းအောင် ကြံအောင်နီကတ်တေ၊ ဘာသာခြားရော၊ ဘာသာဝင်ပါစီစစ် အရီးယူမှရာ ရီရှည်သံဃာတိရပ်တည်မူစွာ ပီပြင်နိုင်ပါဖို့ (ဘာသာဝင်တိကလည်း ကိုယ့်ဘာသာကို ညိုးနွမ်းစီရေ အကြောင်းအရာမျိုးတွိ့ခကေ ဒေချင့်တင်စွာ ကိုယ့် ဘာသာကလား ဘာသာခြားလား၊ ဇာရည်ရွယ်ချက်လည်း စီစစ်သင့်ရေ၊ (စီစစ်ပြီး အမူတိကို ယူနာ အသုံးချ နိန်ကမူအများကြီး တွိ့လာရ)၊ ဒေချင့်တိစွာသည် ရည်ရွယ်ချက် ဟိဟိနန့် ဗုဒွဘာသာဝင်တိ စိတ်ကို ရိုက်ချိုးနိန်ကတ်စွာတိ ဖြစ်တေဆိုစွာကို ထိုင်းက သင်ခန်းစာ ယူနိုင်ကတ်ပါစီ။
ဗုဒှသာသနံ စိရံ တိဋတု
YaThaWinTha