အရီးနန့်အပြော၊ခေတ်ဟောင်းနန့်ခေတ်သစ်
==================================
၁၉၆၅ နိုဗင်ဘာ ၂၈ရက်နိမှာ အထက်ဗမာစာရီးဆရာအသင်းက တင်သွင်းခရေ "ဗမာစာပေအရေးအသားသစ်” စာတမ်းကို တချို့ဖတ်ဖူးကတ်ပါလိမ့်မေ။ ယင်းစာတမ်းအသီးသီးမှာ အုပ်စုနှစ်စုရာပါပါရေ။ စာကိုစာအတိုင်း ယှေးမူမပျက် စံနန့်ရေးဖို့အဖွဲ့နန့် ခေတ်သုံးဘာသာ ကိုအခြီခံရေ အဖွဲ့ ဖြစ်ပါရေ။
ခေတ်သုံးဘာသာသမားတိကဒေပိုင်ငြင်းခပါရေ-
၁။ အရီးနန့် ခေတ်သုံးစကား ကွာရေအတွက်နန့် အရီးစာကိုသင်ရစွာ ဘာသာခြားစကား သင်ရပိုင် ယှေးဟောင်း ဘာသာစကားသင်ရပိုင် ဖြစ်နီလို့ အချေတိအတွက် အခက်အခဲဟိနိန်ရေ(စာ-၇၀)
၂။ ဒုတိယတန်းထိ စာသင်ဖူးခ လူအတွက် စာမဖတ်စော်ကြာရေခါ စာကို မဖတ်တတ်လောက်အောင် မိကုန်ကတ်ရာ ဆိုရေ ပညာရီးသုတေသန ဗျူရိုရို့ဧ့ တွိ့ဟိချက်ကို ဆင်ခြင်ဖို့ စာဖတ်ပြီးကေ နားမလည်ခြင်းစော် အရီးနန့်အပြော ခေတ်သုံးစကားကွာလို့(စာ၆၂)
၃။ စာပိုင် ရီးထားရေ ပညာပီးစာတမ်းတိ စာဆောင်တိကို လယ်သမားကြီးတိ ရရီလလည် နားလည်ဖို့ အခက်အခဲဟိနီရေ(စာ၇၄-၇၇)
၄။ ဗမာဘာသာမှာ အရီးနန့်ခေတ်သုံးစကားက ကကောင်းကွာနိန်ရေ(စာ၇၈)
၅။ အရီးတွင်ကျယ်လာခြင်းစော် ယှေးသုံးစကားနန့်ရီးမှ ခန့်ရေ၊ သန့်ရေလို့ ထင်ကတ်တေ အစွဲ့အလန်းအမှားကြောင့်(စာ၈၀)
၆။ တခြားဘာသာစကားတိုင်းမှာလည်း ခေတ်အလိုက်အပြောအဆို ပြောင်းလဲလာစော်နန့်အမျှ အရီးအသားကပြောင်းလဲနီရေ(စာ၈၁)
၇။ ခေတ်သုံးနန့် ပြောင်းရီးမှ ခေတ်နန့်တသားတည်းကျပြီးကေ ပြည့်သူလက်ထဲကို စာပီရောက်ဖို့(စာ၈၄)
၈။ ဗမာစကားကိုလည်း ဇာတစ်ခုလည်းငဲ့မနိန်ကေ့ အသံထွက်တိုင်း ရိုးရိုးလွယ်လွယ် နန့် ထိထိမိမိရီးသင့်ရေ(ရှေ့ဦးဗမာစာစာတမ်း၊သန်းထွန်း၊ဒေါက်တာ)
ဒေအဖွဲ့မှာ ခေတ်ပေါ်ဗမာစာရီးတိနန့် သမိုင်းဘေဒစာရီးဆရာတိ အများကြီးထောက်ခံထားစာ တွိ့ရရေ။
ကျန်တဖွဲ့ကတော့ ယှေးမူသုံးကန့်ကွက်လူတိဖြစ်ပါရေ။
၁။ လက်ဟိအရီးအသားစနစ်ကို တမျိုးသားလုံးနားလည်ရာလား(စာ၁၇၀)
၂။ ကလောင်ကို မနိုင်နန်းလူတိက စကားပြောပိုင် ထင်ပယှောင် ရီးလာကတ်ကေ ဗမာစာအနစ်သာရဧ့ ဂုဏ် တနိတခြားယုတ်လျော့လာနိုင်ရေ(စာ၁၂)
၃။ ဗမာစကား ပရိယာယ်တိ ရသစကားပြေဧ့ ရှင်းလင်းခြင်း ခိုင်ခန့်ခြင်း သပ်ရပ်ခြင်း စရေ ဂုဏ်တိ ပျောက်လာနိုင်ရေ(စာ၁၈၉)
၄။ ဗမာဘာသာစကားမှာ သံတူကွဲကြောင်းတိ၊ အသံနန့်ရီးထုံး ကွာခြားစွာတိကြောင့် စာလုံးပေါင်းပြသနာဟိလာနိုင်ရေ(စာ၂၂၄)
ဒေစာတန်းနန့်ပတ်သက်ပြီးကေ ဗမာစာပီတော်လှန်ရေးတိုက်ပွဲစော် ၁၉၆၅ ကနိန်ပနာ ၁၉၇၀
နီးထိ ဂယက်ကမကုန်နိုင်ခပါ။
ပုဂံ၊အင်းဝ၊ပင်းယ၊တောင်ငူ၊ညောင်းရမ်း၊ကုန်းဘောင်၊ရတနာပုံ ခေတ်ဟောင်းဝေါဟာရတိကိုမှ စာပီလို့ ထင်နိန်ကတ်သိမ်းလူတိ၊ ဗမာ(၉)မျိုးထဲဒေသိယကွဲ ဝေါဟာရကိုယူသုံးချင်ကတ် လူတိနန့် ခေတ်ဝေါဟာရကို ယူသုံးချင်ကလူတိကြားမှာ လွန်ဆွဲခရေ စာပီတော်လှန်ရီးတစ်ခုဖြစ်ပါရေ။ ဆယ်စုနှစ်ချေလောက် ကယက်ထခစော် သူရို့တိတွက်တန်ပါရေ။
ရလာဒ်ကတော့ခါ==
၁။ ဗမာမှာ စာပေခေတ် ၇ခေတ်ဟိရေ၊ ယကေလည်း ဂနိခေတ် လူတိနားမလည်ရာကေ ပူရာဏအဖြစ်ရာသတ်မှတ်လိုက်တေအတွက်နန့် ဇာလောက်အရွဲ့တိုက်ရီးရီး ဗမာစာပေအဖွဲ့က အသိအမှတ်မပြုကေ၊တဖြည်းဖြည်းအသံတိတ်လားရေ၊
၂။ ဗမာမှာ လူမျိုး၉မျိုးဟိအတွက် ဒေသိယစကားကိုးခုဟိပါရေ၊ ဒေသယတစ်ခုနန့်တစ်ခု တမြို့နန့်တမြို့မတူ ၊ငါကဒေမြို့ကဖြစ်အတွက်နန့် ဒေပိုင်ရေးဖို့ ၊ရေးပါ၊ ယေကေလည်း ဗမာစာပီ ထဲဝင်ချင်ကေ ၊ ဗမာစာအဖွဲ့ကချပီးထားရေ ဝေါဟာရလိုက်နာရပါဖို့၊
၃။ ဗမာစာ အရီးအသားနန့် ဝေါဟာရကို အသီသတ်မှတ်ထားလား ဆိုကေ မထားပါ။ လိုအပ်ကေလိုအပ်လာပိုင် Updateလုပ်ပီးရေ။
ထိုနည်းတိုင်းပါရာ လက်လှန်းမီသလောက် ဆရာမောင်ဗသိန်း၊ ဆရာတော်ဇန္တဗောဓိ၊ ဆရာကော်ကောသလ္လ၊ဆရာတော်ဝါသဝ အစဟိရေ ရခိုင်စာရီးဆရာတိ ငြင်းခုံလာကတ်စွာ ယင်းဂယက်စော်ဒေနိရခိုင်လူငယ်ချေတိအထိ ကူးစက်လာရေ။
၁။ မြောက်ဦး၊စစ်တွေ ၊အမ်း၊ရမ်းဗြဲ လေသံ ကားမတူဇာပိုင်ညှိဖို့ ငြင်းနီတိုင်သားတိ၊
၂။ မြောက်ဦးယာသုံးဖို့၊ ဝေသာလီယာသုံးဖို့း၊လေးမြို့ယာသုံးဖို့ ငြင်းနီကတ်တိုင်သားတိ။
ယင်းနည်းနန့်ယာညှိနိကေတော့ မိုးလင်းလားလိမ့်မေ။
====
ဗမာစာပီ စံကို စကေလောက် နည်းယူကေ့ကတ်ပါမယ်။( ဗမာစာပီကို အထင်ကြီးလို့ နိူင်းစာမဟုတ်၊ တမျိုးမထင်ကေ့ဦး)
အထက်စာတမ်းကို နမူနာထားပါမယ်။ ယင်းစာတမ်းဂယက်မှာ ဗမာစာပီကို အသေးစိတ်လေ့လာနိန်ကတ်လူတိကြေးရာ။ ငါ့ယူဆချက်က မှန်ရေ ဒေအတိုင်းဖြစ်ရဖို့ ယပိုင်လာလုပ်လို့မရပါ။
ဗမာ စာရီးဆရာတိက ခန့်အပ်ထားရေ၊ ဗမာစာအဖွဲ့ဆုံးဖြတ်ချက်သည် အတည်ပါ။ ယင်းချင့်စံပါ။စာရီးဆရာတိုင်းသည် ဂယက်ထခွင့်ဟိရေ၊ ငြင်းခွင့်ဟိရေ၊ပြင်ခွင့်မဟိပါ။ စာရေးဆရာတိုင်းအသံကို ယင်းအဖွဲ့က နားထောင်ပါရေ။ မှားမှန်ကို သူရို့ဆုံးဖြတ်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်မလိုက်နာနိုင်ကေ စာပီလောကက ထွက်လားပါလိမ့်မယ်။ မထွက်ပဲ ဆက်လုပ်ကေ စာပီခွင့်ပြုချက်နံပါတ် မထုတ်ပီးကေ။ ယင်းစာပေစွာ တရားမဝင်လိုက်ရာပါ။
ယင်းနည်းကို ဗမာတိ ဒေနိထိ သုံးနိန်တုန်း။
စံဆိုစွာ အသိမှတ်ပြုအဖွဲ့ တစ်ခုက သတ်မှတ်ထားရေ စည်းကမ်းထဲက ဘောင်တစ်ခု ဖြစ်တေ။
ဇာသူ ဇာပိုင်ပြောပြော အရင်က ဆရာတော်ဝါသဝဝေါဟာအဘိဓာန်ထဲက ရခိုင်ဝေါဟာရကိုသုံးရေ။
ဇာလို့လည်းဆိုကေ ရခိုင်ပြည်စာရီးဆရာတိနန့် ရခိုင်ပြည်အစိုးရအဖွဲ့အသိအမှတ်ပြုထားလို့ဖြစ်တေ။ ယကေ ယင်းချင့်သည် ရခိုင်စာ စံ ပါရာယေ။
အဂ်လိပ်၊ရခိုင်အဘိဓာန်ထွက်လာရေ ရခိုင်ယဥ်ကျေးမူအဖွဲ့က ထုတ်ထားရေ ယင်းချင့်သည် ရခိုင်စာပီ စံပါယာ။ ရခိုင်သဒ္ဒါ ထွက်လာရေ ဆရာမစန္ဒာဌေး ရခိုင်ပြည်အစိုးရက အသိမှတ်ပြုထားရေ၊ ယင်းချင့်သည် ရခိုင်သဒ္ဒါစံ ပါယာရေ။
ဂုရခိုင်ဝေါဟာရအဘိဓာန် Update ထွက်လာဖို့ကြိုးပန်းနီကတ်တေ။ ယင့်ချင့် ဝေါဟာအဘိဓာန်စံ ဖြစ်လာပါလိမ့်မေ။
အရင်ကရခိုင်စာပီစံ မဟိဆိုစွာ လက်ခံရေ၊ ခုလက်မခံပါယာ၊ မလိုက်နာကတ်သိမ်းလို့ မတည်ငြိမ်စွာပဲ ဖြစ်ပါဖို့။
ဂုလည်းရခိုင် စာပီနန့် မဂ္ဂဇင်းတိ၊စာအုပ်တိ အများကြီးထွက်လာကတ်စွာ တွိ့ရရေ။ ယေကေလည်း တစ်အုပ် အရီးအသားနန့် တစ်အုပ်အရီးအသား သသိသသာချေကွာနိန်သိမ်း။ ယင့်ချင့်တိကို ထိန်းလိုက်ကေတော့ ငြိမ်ကျလားကတ်ပါလိမ့်မယ်။
ရခိုင်စာပီဂယက်တည်ငြိမ်ပါစီဆန္ဒနန့်
==ကိုးကား==
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၊ဗမာစာပေအရေးအသားသစ်နှင့် စာတမ်းများ(မန္တလေး၊ကြီးပွားရေး ပုံနိပ်တိုက်၊၁၉၉၆)
#YaThaWinTha