ကလောင်သွားနှင့်စစ်ထွက်ခဲ့သည့်နွယ်
🖊 ရခိုင်လူငယ်အများစုက ကဗျာဆရာမကြီးနွယ်ကို ကဗျာတွေကို ရခိုင်လို မရေးရကောင်းလားဆိုပြီး သိပ်အားမရချင် ဖြစ်ကြပါတယ်။ ဆရာမကြီးအဖြေက ရိုးချင်းပါတယ်။ ရခိုင်စာပေတည်ငြိမ်ပြီလား၊ တည်ငြိမ်လာရင် သူရေးမယ် ဖြေခဲ့တယ်။ ဆရာမကြီးသာ ကွယ်လွန်သွားတယ်။ ဒီနေ့ထိလည်း ရခိုင်စာပေတည်ငြိမ်မူ မရှိသေးပါဘူး။
🖊 ၁၉၅၁ ဝန်းကျင်ကို စိတ်ကူးနှင့်မြင်ယောင်ကြည့်လိုက်ပါ။ အမေမုဆိုးမနှင့် စစ်ပွဲဒါဏ်တွေကြားက ဟိုပြောင်းရွေ့ရ ဒီပြောင်းရွေ့ရနှင့် ခပ်ထက်ထက် ၂၁ အရွယ်ရခိုင်သူမ တစ်ယောက်ရဲ့ ဘဝအခြအနေကို ပြေးမြင်မိကြပါလိမ့်မယ်။ ဒါတောင် အင်္ဂလန်နိုင်ငံ ဘာမင်တန်တက္ကသိုလ် က Ed. Dip ကိုတောင်ရအောင်ယူပြလိုက်သေးတယ်။
🖊 ရခိုင်ကို ချစ်လားမမေးနှင့် ဘယ်အရပ်ရောက် ရောက် ကလောင်နောက်မှာ မွေးရပ်မြေစစ်တွေကို ထည့်သုံးခဲ့တယ်။
🖊 ရခိုင်ကို လွမ်းလားမမေးနှင့် သူ့ကဗျာကလောင်သွားတိုင်းကို ရခိုင်အငွေ့သက်နှင့် ထုံးမွမ်းထားတယ်။
🖊 လူကသာ နုညံ့တာ သူ့အတွေးနှင့် ခံယူချက်တွေထဲမှာ စစ်ပွဲအနိဌာရုံကို ဖိချဖို့ သံမဏိစစ်ဓာတ်လို ပြင်းပြခဲ့တာ။ဒါကြောင့်လည်း ဆရာမကဗျာတွေက နုညံ့တယ် အဆိပ်ပျင်းတယ်။
🖊 ရခိုင်တန်းဆောင်မဂ္ဂဇင်း ဖြစ်ပေါ်လာပုံသမိုင်းနှင့် ရခိုင်တန်ဆောင်းဟာ ရခိုင်စာပေ တဖန်မွေးဖွားဖို့ တံတိုင်းတစ်ခု ဖြစ်ခဲ့တာကို နားလည်းရင် ဆရာမကြီးဟာ ရခိုင်စာပေသမိုင်းတွက် စစ်မယ်တစ်ယောက်ဖြစ်ခဲ့တာကို နားလည်နိုင်ပါလိမ့်မယ်။ ၁၉၅၂-၅၄ ရခိုင်တန်ဆောင်း စာတည်းတာဝန်ဟာ ဆရာမထမ်းဆောင်ခဲ့တဲ့ ကျောင်းဆရာမ၊ ကျောင်းအုပ်၊ ကျောင်းသင်ခန်းစာ အသံလွှင့်အစီအစဉ်မှူး၊ အခြေခံပညာဦးစီးဌာန မြန်မာစာ အဖွဲ့ ကျောင်းသုံးစာအုပ်ကော်မတီ အတွင်းရေးမှူး တာဝန်တို့ထက် သူတန်ဖိုးထားအနစ်နာခံ ခဲ့လို့ပါပဲ။
🖊 ရခိုင်အမျိုးသမီးတစ်ယောက်ပီပီ ရခိုင်ကို ဆရာမကြီး မချစ်ရင် ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)ရဲ့ နာယက အဖြစ်လည်း အနစ်နာခံ တာဝန်ယူခဲ့မှာမဟုတ်ပါဘူး။
🖊 ဘယ်အရပ်ပဲ ရောက်ရောက် ရခိုင်သူက ရခိုင်သားကိုပဲ လက်ထပ်ခဲ့တယ်။
🔖 ရခိုင်လိုမရေးတိုင်း ရခိုင်ကို မချစ်တာမဟုတ်ပါဘူး။ သူရောက်နေတဲ့ နေရာ။ ရေးရတဲ့ အချိန်အခါ၊ ကြုံတွေ့နေရတဲ့ စာပေနေအထား။ မြင်စေချင်တဲ့ ပစ်မှတ်။ ဒါတွေကို ဆရာမရင်ဆိုင်ခဲ့ရတာ မဆန်းပါဘူး။
🔖 ဆရာမသာ အဲဒီကာလ ရခိုင်လို ကဗျာစပ်နေခဲ့ရရင် စာပေကိုငြင်းခုန်ရင်း ကဗျာဆရာမနွယ်(စစ်တွေ)ဆိုတာတောင် ဖြစ်လာပါ့မလား တွေးစရာပါ။ ရခိုင်လိုရေးမှ ရခိုင်စာရေးဆရာအဖြစ် တန်ဖိုးထားချင်ရင် တစ်ခြားဘာသာနှင့် ရေးထားကြတဲ့ ရခိုင်က မဟာတံတိုင်းစာရေးဆရာ ဖခင်ကြီးတွေကို ဘယ်နား သွားထားကြမလဲ တွေးမိပါတယ်။ တစ်ခြားလူမျိုးတိုင်းတောင် ဆရာမကြီး၏ ကဗျာတွေကို လေးစာတန်းဖိုးထားနေကြဆဲပါ။ ရခိုင်လူမျိုးတစ်ယောက်က ရခိုင်ထူးချွန်သူတစ်ယောက်ရဲ့ ကဗျာတွေကို ဘာကြောင့် တန်ဖိုးမထားနိုင်ရမှာလဲ။ ဆရာမကြီးပုံရိပ်နှင့် ဆရာမကဗျာများသည် ထာဝရ ရှင်သန်နေမှာဖြစ်ပါတယ်။
🎏 စစ်မဲ့ကမ္ဘာ🎏
"လူ့သမိုင်းမှုန်မှိုင်းအတိတ်၊ နှောင်းအရိပ်တွင်၊
မျိုးစိတ်ထန်လျက်၊ စစ်မြေထွက်၍၊
လက်နစုံခ၊ တဒင်္ဂဝယ်၊
အားရခုတ်ပစ်၊ ဓါးချင်းထစ်သံ၊
အော်ဟစ်တည်ကြွေး၊ မြင်းခွာပြေးသံ၊
လေးဆေးမြည်လျက်၊ စစ်စည်နှက်သံ၊
လျှပ်လက်သည့်လား၊ လှံစွပ်ဖျားလည်း၊
အသွားချင်းခ၊ တွေ့ဆုံကြသံ၊
သောသောညံ၍၊ ပြင်းထန်ကြောက် မက်၊
စစ်သူခက်၏၊ မက်မောခဲ့ရစ်၊
လူ့သွေးစစ်ကို၊ သောက်ပစ်လိုဟန်၊ ဆန္ဒသန်တည့်"
နွယ်(စစ်တွေ)
#YaThaWinTha