ယဥ်ကျေးသောလူသားဆီသို့

Article Cover

ယဥ်ကျေးသောလူသားဆီသို့

=================

လူလို့ပြောလိုက်ရင် တခြားသတ္တဝါတွေထက် စာနာတတ်သောသူ၊ ယဥ်ကျေးသောသူအဖြစ် ပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ပုံသေပြောလို့တော့မရပါဘူး။ မိမိကိုယ်ကျိုးတစ်ခုခု နစ်နာတော့မယ်ဆိုရင်

၊မိမိကိုယ်ကျိုးတစ်ခုဖြစ်ထွန်းဖို့အတွက်ဆိုရင် လူဆိုတဲ့သတ္တဝါက တစ်ခြားသတ္တဝါတွေထက်ရက်စက်သလို၊ တခြားသတ္တဝါတွေထက်လည်းမိုက်ရိုင်းပါတယ်။ အဲတာလူသားရဲ့မူရင်းဇာစ်မြစ်အမှန်ပါ။ 

ခုပြောတဲ့အထဲမှာဘာသာရေး ရူဒေါင့်ပိုင်းခဏလောက်ခေါက်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ ယဇ်ပူဇော်ခြင်း၊စတေးခြင်းဆိုတဲ့ဝေါဟာရတွေပါနေလို့ပါ။ ဒီဝေါဟာရတွေကို ဘာသာတိုင်းက သူအဓိပ္ပါယ်နဲ့သူပုံစံတမျိုးစီနဲ့ဖွင့်ဆိုထားကြတဲ့အတွက် လူသမိုင်းဟာ ယဥ်ကျေးနေခဲ့သလိုဖြစ်နေမှာစိုးလို့ပါ။ ဘာသာရေးအမြင်တော့ လူ့သမိုင်းဟာအရမ်းယဥ်ကျေးလွန်းပါတယ်။ သို့သော်--

#လယ်စိုက်ချိန်မှာ လယ်သမားတွေဟာ လူ့သွေးနဲ့လူ့နှလုံးကိုယဇ်ပူ​ဇော်ရပါတယ်။(အင်းဒီအန်လူမျိုး)

#နိုင်ငံ​ငြိမ်းချမ်းဖို့အတွက် ရာဇဝတ်သားတွေကိုယဇ်​ဇော်ရတယ်။(ဘဲန်ဂေါလ်လူမျိုး)

#ရောဂါဆိုး၊ ကပ်ဆိုးရောက်လာရင် အသင့်ယဇ်ပူဇော်ဖို့ အပယ်ခံလူနှစ်ယောက် သီးသန့်ထားပါတယ်။(အက်သင်ဇ်လူမျိုး )

#နှစ်စဥ်ကျင့်ပမြဲဖြစ်တဲ့ သာဂေးလီအာ ပွဲတော်မှာ စကိတ်ဂုတ်(ကြားကဒါဏ်ခံရသူ) နှစ်ယောက်ကို လူတွေကျူးလွန်တဲ့ အပြစ်ပြေအောင် ယဇ်ပူဇော်အနေနဲ့ မသေမချင်း ကျောက်တုံးနဲ့ပစ်ပေါက်ရတယ်။(ရောမ၊ဧသင်မြို့)

#အစပိုင်းမှာ ယဇ်ပူဇော်ထားတဲ့ လူတွေရဲ့ အသားကိုစားပြီး သွေးကိုသောက်တယ်။ နောက်ပိုင်မှာ အသားနဲ့သွေးကို ဂျုံနဲ့လုပ်ပြီး နတ်ဘုရားကိုစားသုံးခြင်း အခမ်းအနားနဲ့ စားသောက်ကြတယ်။ ဂါထာနဲ့မန်းမူတ်ပေးပြီး ဂျုံမုန့်ကိုနတ်ဘုရားအသွင်ပြောင်းပေးတယ်။ (ရှေ့ဟောင်းမက္ကစီကိုလူမျိုး)

#အရေးပြားရောဂါခံစားနေရသူတို့ဟာ မိမိလက်ဖျားကိုဖြတ်ပြီး ယဇ်ပူဇော်ရင်ရောဂါပျောက်သည်ဟုခံယူကာ အရေပြါးရေါဂါခံခဲ့ရသူလက်ကို ဖြတ်စေပါတယ် ။(မက္ကဆီကို)

#နိုင်ငံဖွံဖြိုးနိုင်အောင် ခလေးငယ်အသွေးသားဖြင့် ယဇ်ပူဇော်မူပြုကြပါတယ်။(ဆိုက်ပရပ်စ်လူမျိုး)

#လူသားကို မန်းမူတ် ချက်စားချင်းက တန်ခိုးသိဒ္ဓိကိုရစေတယ်။ (အရှေ့ပိုင်းအိန္ဒိယ)

#အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းဖို့အတွက် လူ သို့မဟုတ် နွားကို ယစ်ပူဇော်ရတယ်။(အိန္ဒိယ)

#စစ်ထွက်ခါနီး နွားလှေပင်းသွေးကိုယစ်ပူဇော်ပြီး 

မျက်နှာသစ်ရတယ်။ (အိန္ဒိယအလယ်ပိုင်း)

#မိုးခေါင်လျှင် ငယ်ရွယ်သူမိန်းခလေးတစ်ယောက်ကို တကိုယ်လုံးအဝတ်ချွတ်ခိုင်းပြီး မှော်ဆရာက ဂါထာမန္တန်တွေရွတ်ဖတ်ရင်း သူအပေါရေလောင်းချရင် မိုးရွာတယ်လို့ယူဆကြတယ်။ (ဘော်ကလန်၊ဂျာမဏီ)

#မြူနေတဲ့အမျိုးသမီးတစ်ယောက် ခလေးပြန်ရချင်ရင် သစ်သားခ​လေးရုပ်ကို ချည်နီစည်းပြီးလူတွေရှေ့နို့တိုက်ပြရတယ်။ (ဆူးမားထရာ၊ဘားဘာကျွန်းစု)

#မိန်းမတစ်ယောက်မီးဖွားပြီဆိုရင် မှော်ဆရာပင့်ပြီး မီးဖွားမိန်းမဝေဒနါသက်သာအောင် မှော်ဆရာကတွန့်လိမ်ကွေးပြီး ဝေဒနါခံစားပြရတယ်။ (ဒိုင်းအက်လူမျိုး)

#လယ်သမားတွေက မိသားစုများကိုကာကွယ်စောင့်ရှောင့်နိုင်ဖို့ မားစ်နတ်ဘုရားကို သိုး၊ဝက်၊နွားကိုသတ်ပြီးပူဇော်ကြတယ်။(ရောမ)

#မာယာနတ်ဘုရားတို့ ခွန်အားဖြစ်စေဖို့အတွက်

ထင်ရှားသောအခမ်းအနားပွဲများတွင် တိရိစ္ဆာန်သွေးကို ပူဇော်ပြီး၊နောက်ထပ် လူသားကိုယဇ်ပူဇော်ကြတယ်။ ခေါင်းဖြတ်သတ်၊ယဇ်ပူဇော်ခြင်းဖြစ်တယ်။ ခလေးသူငယ်များကိုယဇ်ပူဇော်ခြင်းသည်အကောင်းဆုံးလို့သတ်မှတ်ကြပါတယ်။ (မာယာလူမျိုး)

#အဆောက်အဦးတစ်ခုဆောက်လျှင် လူတစ်ယောက်စတေးပြီးမှ ဆောင်လုပ်ခြင်းအောင်မြန်တယ်။ ခလေးငယ်များနဲ့ မိန်းမပျိုများအား အရှင်လတ်လတ် တပါးတည်းမြုစ်နုံပါတယ်။ (အရှေ့ဥရောပ)

#နိုင်ငံ၊မြစ်ချောင်းတူးဖော်တည်ဆောက်ရာတွင် အစောင့်အရှောက်အဖြစ် ကိုယ်ဝန်သည်များ စတေးပါတယ်။(အရှေ့တောင်အာရှ)

#အိမ်ထောင်ရေးအဆင်ပြေချော့မွေ့စေဖို့ သမီးပျိုအား ပန်းဦးဆက်ခြင်းကို ပြုလုပ်ကြတယ်။(အိန္ဒိယ၊မြန်မာ)

ဒါတွေဟာ အတိတ်သမိုင်းမှာတကယ်ဖြစ်ခဲ့ကြတဲ့

ငြင်းမရတဲ့ ဖြစ်ရပ်အချို့ပဲရှိပါသေးတယ်။ လွဲမှားယုံကြည်မူလို့ထင်ရပေမယ့် လိုချင်မူနဲ့ ၊ကြောက်လန့်မူပဲတွေ့ရပါတယ်။ တစ်ခုခုကိုလိုချင်ဆန္ဒစိတ်ပြင်းပြလာရင် ညှာတာမူကင်းသွားပါတယ်။ ကိုယ့်ဆီကဆုံးရူံးမူကိုကြောက်လာရင် ထိုးကြွေးဖို့လဲဝန်မလေးကြပါဘူး။ ဒါဟာလူ့သမိုင်းပါ။ အဆိပ်စမ်းသတ်မူ၊ ဆေးဝါးစမ်းသတ်မူ၊ လူမျိုးတုန်းသတ်ဖြတ်မူ၊မုဒိန်းမူ၊စစ်ပွဲ မပါသေးပါဘူး။ 

ယဇ်၊ကြားခံ၊စတေခံ ဝေါဟာရတွေကို ခေတ်စနစ်အရ နာမည်တမျိုးပြောင်းပြီး ယဥ်ကျေးဟန်ပြနေကြတာပဲရှိပါလိမ့်မယ်။ မိမိလိုချင်၊ ဖြစ်ချင်စိတ်က ညှာတာမူဘက်မှာရှိနေလျှင်၊ ကိုယ်နစ်နာမည့်အရေးကြုံတိုင်း သူတပါးကို ထိုးကြွေးတဲ့စိတ်မရှိတော့လျှင် အဲဒီနေ့ဟာ လူသားတွေယဥ်ကျေးတဲ့နေ့ပါ။


#YaThaWinTha(philo)