လူ့သမိုင်းကိုပြောင်းလဲစေခဲ့သောအရာများ
ကမ္ဘာဦးအစကို အချိန်ခရီးသွားစက်မပါပဲ၊ စာအုပ်ကိုစီးပြီးခဏသွားကြည့်ရအောင်ပါ။ သေချာတာကတော့ ဒီနေ့ခေတ်လိုတော့ တိုးတက်စည်ကားနေမှာ မဟုတ်တာ သေချာတယ်။
ဒါဆိုရင်ဘယ်အရာတွေက ဒီနေ့ခေတ်လိုထိရောက်အောင်တွန်းပို့လိုက်တာလဲ။
၁။ စကားအပြောအဆို ( ကမ္ဘာအစမှာလူတွေ ဘယ်ဘာသာကိုသုံးကြတယ်ဆိုတာ တိတိကျကျပြောဖို့တော့ခက်ပါတယ်။ အရှေ့တိုင်းဘက်မှာတော့ ဦးကမ္ဘာအစမှာ မာဂဓဘာသာကိုသုံးခဲ့တယ်လို့ယုံကြည်ခဲ့သော်လည်း အနောက်တိုင်းမှာတော့ ကျောက်ခေတ် အထိ ကိုယ်အမူအရာနှင့်သကေတဘာသာကိုသုံးခဲ့တယ်လို့ယူဆကြပြန်တယ်။ ကမ္ဘာတိုက်လေးခုရှိတဲ့အထဲ သူအဆနှင့်သူ ခံယူထားကြပြန်ပါတယ်။ ဒါဟာလည်းဖြစ်သင့်ပါတယ်။ မွေးကတည်းကဘယ်သူမှစကားမတတ်ပါဘူး။ အုပ်ထိန်းသူနဲ့ သူ့ပတ်ဝန်ရဲ့အသံတွေက သူ့ရဲ့ကိုယ်ပိုင်ဘာသာစကားဖြစ်ပါတယ်။ ရခိုင်မှာမွေးတဲ့လူတစ်ယောက်က ရှမ်းစကားနားလည်ဖို့ခက်ပါလိမ့်မယ်။ ရှမ်းလူမျိုးနဲ့ထိတွေလာတဲ့အခါအဲလူဟာလည်းရှမ်းစကားကိုနားလည်လာပါမယ်။ ဘာသာစကားသာ တိုးတက်မူဖြစ်မလာခဲ့ရင် ကမ္ဘာကြီးရွာဖြစ်လာစရာအကြောင်းမရှိသလို ကဗျာ လက်ာစတဲ့ခံစားမူရသလည်းဖြစ်လာစရာအကြောင်းမရှိပါဘူး။ စကားအပြောအဆိုတိုးတက်လေ လူသမိုင်းလည်း ပြောင်းလဲလေပါပဲ။)
၂။ မီး (လူသမိုင်းအစမှာ မီးမရှိတော့ဒုက္ခရောက်ခဲ့ကြရတယ်။ နေ့ဘက်ပြီးရင် ညဘက်ဆိုအမှောင်တိုက်ထဲ အလင်းရောင်မရှိတော့ ရန်သူပေါင်းစုံကိုကြောက်ခဲ့ရတယ်။ မီးကိုတီထွင်လိုက်နိုင်တာဟာ လူသမိုင်းရဲ့အကြီးမားဆုံးတီထွင်မူနဲ့ တိုးတက်မူပဲ။
မီးကြောင့်အကြောက်တရားကိုပယ်ခြားနိုင်ခဲ့တယ်။ ချိုမြန်တဲ့ အရသာကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ မဟုတ်ရင် လူတွေဟာ ဒီနေ့ထိ မီးနဲ့မချက်ပဲ အစိမ်းစားတဲ့ဘီလူးသာသာပဲ ရှိပါလိမ့်မယ်။)
၃။ တိရိစ္ဆာန်များအပေါ်အောင်နိုင်မူ( လူထက်အဆများစွာကြီးပြီး ခွန်းအားချင်းမမျှတဲ့တိရိစ္ဆာန် တွေက လူတွေရဲ့အကြောက်တရားကို ရာစုနှစ်များစွာလွမ်းမိုးထားခဲ့ပါတယ်။ နောက်ပိုင်းလူတွေက တိရိစ္ဆာတွေရဲ့အားနည်းချက်ကိုနားလည်လာတဲ့အခါ ဘယ်လောက်ကြီးတဲ့သတ္တဝါ ဖြစ်ပါစေ အရူံးပေးရတော့တာပါပဲ။ ဒါဟာလူ့သမိုင်းရဲ့အကြီးမာဆုံးအောင်မြင်မူပါ။ တိရိစ္ဆာန်တွေက ခိုင်းဖက်ဖြစ်လာတယ်၊ အစားအစာ၊အဝတ်အထည် ဖြစ်လာတယ်။ လူတွေက လွတ်လပ်စွာသွားလာရဲကြတော့တယ်။
၄။ စိုက်ပျိုးရေး( အမဲလိုက်ခြင်းနဲ့ခြေသလုံးအိမ်တိုင်လူ့သမိုင်းကို အခြေခိုင်မြဲအောင် ပြုလုပ်လိုက်တာစိုက်ပျိုးရေးပါ။ အသီးအနှံစိုက်တွေစိုက်တယ်။ လယ်လုပ်တယ်။ဒါကိုမပျက်စီးအောင်စောင့်ရှောက်ဖို့ အိမ်ဆောက်ပြီးနေတယ်။ထိန်းသိမ်းဖို့အိမ်ထောင်ပြုတဲ့အဆင့်ထိတိုးလာတယ်။အတွေးအခေါပညာရှင် မဲရစ်ဒစ်သ်က ယောကျားများ ယဥ်ကျေးလာအောင် လုပ်ရမည့် နောက်ဆုံးသတ္တဝါ သည် မိန်းမသာဖြစ်သည်ဟုဆိုခဲ့ပါတယ်။ စိုက်ပျိုးရေးဟာ မိသားစုနွေးထွေးမူကိုစတင်ခဲ့ပြီးတော့ လူမိုင်းပြောင်းလဲမူရဲ့အကြီးဆုံးခြေလှန်းပါ။
၅။ လူအဖွဲ့အစည်း(အမဲလိုက်ဘဝက လူသမိုင်းဟာစိုက်ပျိုးရေးမှာလာစုပါတယ်။ တစ်အိမ်ကနေနှစ်အိမ်စုလာတဲ့အခါ အိမ်တွေများတယ်။ အိမ်များရင်လူများလာတယ်။ လူများရင်ရန်ဖြစ်တယ်။ ရန်ဖြစ်ရင်ထိန်းဖို့ ခေါင်းဆောင်တင်တယ်။ ပြီးရင် လူကြီးတင်တယ်။ အုပ်စုတွေများလာတော့ အုပ်စုလုလာကြတယ်။ အုပ်စုခေါင်းဆောင်ကိုဘုရင်တင်တယ်။ဘုရင်စနစ်ဖြစ်လာတယ်။ အုပ်စုတွေကြီးလာတော့နိုင်ငံဖြစ်လာတယ်။ နိုင်တဲ့သူဘုရင်လုပ်စနစ်ကနေ
လက်အောက်ခံပြည်သူတွေသဘောနဲ့မှတင်မြောက်တဲ့ သမ္မတစနစ်ကိုတည်ထောင်ကြပြန်တယ်။ ဒီလိုနဲ့ ကိုယ့်နိုင်ငံ သူ့နိုင်ငံနာမည်တပ်ပြီး အပြိုင်အဆိုင်အဆိုင်လုပ်ကြရင်း လူအဖွဲ့အစည်းကြီးတစ်ရပ် ခိုင်မာလာခဲ့ပါတယ်။
၆။ ကိုယ်ကျင့်တရား(ကမ္ဘာဦးအစမှာ သူ့ပစ္စည်းကိုယ့်ပစ္စည်းကိုယ်ဆိုတာမရှိဘူး။သူပိုင်ဆိုင်မူကိုယ်ပိုင်ဆိုင်မူဆိုတာမရှိဘူး။လူတွေစုမိလာတဲ့အခါ ပိုင်ဆိုင်မူတွေဖြစ်လာတယ်။ တစ်ယောက်ပိုင်မူကိုတစ်ယောက်ကျူးကျော်ရင် ပြဿနာစပါတယ်။ အဲပြသနာကိုဖြေရှင်းဖို့ စည်းကမ်းချက်တွေထုတ်ရပါတော့တယ်။ စည်းကမ်းချိုးဖောက်ရန်အပြစ်ပေး စနစ်သတ် မှတ်ပါတယ်။ အစပိုင်းမှာ မှားတဲ့သူကို မှန်တဲ့သူကအပြစ်ပေးတယ်။နောက်ပိုင်းမှာ မှားတဲ့သူကိုအုပ်စုခေါင်းက အပြစ်ပေးတယ်။ ပြီးတော့ဘုရင်စနစ်ရောက်လာတဲ့အခါ ဘုရင်ကအပြစ်ပေးတယ်။ ဥပဒေဆိုတဲ့ဝေါဟာပြောင်းလိုက်တယ်။ ဥပဒေဆိုတာသာမရှိခဲ့ရင် လူသမိုင်းဟာလည်း အမဲလိုက်ခေတ်ထက် မပိုလွန်နိုင်ပါဘူး။ဖရိုဖရဲ လူအဖွဲ့အစည်းသာရှိပါလိမ့်မယ်။ ဥဒေဒေကင်းလေလေ ကမ္ဘာဦးကိုပြန်သွားလေလေပါပဲ။
၇။ ကိရိယာ (ကမ္ဘာဦးအစက လူတွေဟာ ဘယ်အရာ တစ်ခုပဲလုပ်လုပ်ခွန်းအားအသုံးပြရပါတယ်။ လမ်းလျောက်မလား၊အိမ်ဆောက်မလား၊ ရေခပ်မလား၊ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်မလား။ရွာတည်ဆောက်မလား၊ မြို့တည်ဆောက်မလား၊လူခွန်အားကိုပဲသုံးရပါတယ်။နောက်ပိုင်းတော့ အဲဒီခွန်အားတွေအစား ကိရိယာတွေသုံးလာကြပါတယ်၊ အရင်တုန်းကပစ္စည်းတွေကိုလူနဲ့သယ်တယ်။ မနိုင်တော့ တွန်းလို့ရတဲ့ ကရိယာတစ်ခုသုံးတယ်။ပြီးရင်လှည်းပုံစံကိရိယာတီထွင်သုံးတယ်။သတ္တဝါကိုအသုံးပြုဆွဲခိုင်းတယ်။ ပြီးတော့ရထားတွေ၊ကားတွေထိဖြစ်လာတယ်။အရင်က တဲတစ်လုံးဆောက်ဖို့ခက်ခဲကြသော် ဒီနေ့မှာတော့ မိုးမျော်တိုက်ဆောက်တောင်လူမပန်းရအောင် ကိရိယာတွေတိုးတက်လာပါပြီ။ဒါတွေဟာလူသမိုင်းကိုပိုတိုးတက်စေပါတယ်။
၈။ သိပ္ပံ(ကမ္ဘာဦးအစမှာ မိုးချိန်းရင်တောင် နတ်ဒေဝါတွေအပြစ်ပေးအထင်နှင့် ကြောက်ဒူးတုန်ခဲ့ကြတယ်။လတွေ၊ကြယ်တွေဆိုတာ သူတို့ရဲ့ကိုးကွယ်ခံ
တွေဖြစ်ခဲ့တယ်။သိပ္ပံပညာကဒါတွေကိုရှင်းလင်းအောင်သက်သေပြခဲ့ပါတယ်။စကြာဝဠာအကြောင်းရော ကမ္ဘာအကြောင်းပါ၊လူသားတွေရှင်းရှင်းလင်းလင်းသိခဲ့ရတယ်။ဒါဟာလူမိုင်းဟောင်းကိုပြောင်းပြန်လှန်ပစ်စေတဲ့ အကြောင်းတစ်ရပ်တိုးတက်မူ ဖြစ်လာပါတယ်။
၉။ပညါရေး (လူသားတွေဟာ တန်ခိုးရှင်တွေမဟုတ်ကြပါဘူး။ ။လူသမိုင်းဟာလည်းရှည်ခဲ့ပါပီ။
လူသားသမိုင်းကို လူသားတွေပြန်သိဖို့တောင်မလွယ်တော့ပါဘူး။ လူသားတွေမှာ ပိုင်ဆိုင်တာဆိုလို့ အတွေ့အကြုံပဲရှိပါတယ်။ ဒါတွေကိုပြန်မျှဝေဖို့လိုအပ်လာပါ။ သားကောင်တွေဘယ်လိုဖမ်းရမယ်။ဘယ်လိုထွန်ယက်သင့်တယ်။ ရှေ့ကလူတွေရှိခဲ့တယ်။သူတို့ဘာလုပ်ခဲ့တယ်။ အစရှိသည်အားမျှဝေ ပေးမူပါပဲ။ လူအဖွဲ့အစည်းစတင်တဲ့အခါ ခေါင်းဆောင်ပိုင်းတွေကိုရှေ့ပိုင်းမှာဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာကို အသက်ရင့်ပုဂိုလ်ကလက်ဆင့်ကမ်းမျှဝေ ပေးတယ်။ ပြီးရင်ဘုရင်စနစ်မှာ အကြီးအကဲဖြစ်မည့်သူတွေ မျှဝေ ပေးတယ်။ပြီးရင်သဌေးသူကြွယ်သားသမီးတွေသာမျှဝေတယ်။အကုန်သင်နိုင်အောင်ကျောင်း၊တက္ကသိုလ်အသီးသီးကျယ်ပြန့်လာတယ်။ အဲဒီသင်ကြားမူအားလုံးဟာ လူသမိုင်းထဲလူတွေတွေ့ကြုံခဲ့ရမူတွေကိုပြန်မျှဝေထားခြင်းပါပဲ။အဲဒီမျှဝေမူ တနည်း ပညာရေးကျယ်ပြန်လာမူဟာ လူသမိုင်းအမှားတွေပြင်ပြန်ဖို့အကောင်းဆုံးလက်နက်ဖြစ်လာခဲ့ပါတယ်။
၁၀။ စာအရေးအသားနဲ့ပုံနှိပ်အတတ်(လူသမိုင်းအစမှာ သူတို့အတွေ့အကြုံတွေကို နှောင်းလူသိအောင်မျှဝေဖို့ အရုပ်လေးတွေကိုသကေတပြုပြီး ကျောက်သားအစရှိသည်တို့ ရေးခြစ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အဲဒီသကေတအရုပ်လေးကို တူရာစုပြီး အဓိပ္ပါယ်ဖွင့်ဆိုကာ ဘာသာဘေဒအဖြစ်လက်ခံလာခဲ့တယ်။ ဆက်သွယ်မူပြုတဲ့အခါတွေ အဲဒီသကေတွေကိုအသုံးပြလာကြပါတယ်။ ဒီသကေတအရုပ်လေးကိုကျောက်ပြား၊ ကျောက်နံရံတွေပေါရေးရင် ရာသီဥတုကြောင့်ပျက်ပြားသွားနိုင်တဲ့အတွက် ထိမ်းသိမ်းလို့ရအောင် သစ်ရွက်အကြီးစားပေါမှာရေးကြပြန်တယ်။ဒါလည်းအဆင်မပြေဘူး။ သားရေပြားပေါရေးကြပြန်တယ်။ ဒါတွေကိုလက်နဲ့ပြန်ကူး မျဝေကြတယ်။၁၃ရာစုအထိ စာဖတ်ဖူးတာဆိုလို့ သူဌေး၊သူကြွယ် ၊တော်ဝင်မိသားစုနဲ့ ဘာသာရေးဆရာတွေပဲရှိတယ်။ ၁၄၄၇ ခုလောက်မှဂုတင်ဘတ်၏ လက်နိပ်စက်ပေါလာတယ်။ စာကူးသမားက လက်နဲ့နှစ်နှစ်ကူးမှတအုပ်ပြီးတာကို ပုံနိပ်စက်ကြောင့် တနှစ်ကိုစာအုပ်တသန်းခန့် လူအဖွဲ့အစည်းကြားရောက်လာပါတယ်။လူတိုင်းစာအုပ် ဖတ်နိုင်ကိုင်နိုင် အဆင့်သို့ပြောင်းသွားပါတယ်။ ဒါဟာလူသမိုင်းလက်ဆင့်ကမ်းဖို့မဟာအောင်မြင်မူကြီးပါပဲ။
နိဂုံးချုပ်အနေနဲ့
ဆက်သွယ်ပြောဆိုမူ တိုးတက်လာမူ မရှိလျှင်
ခုထိ ညအချိန် အမှောင်ကမ္ဘာထိုင်နေရသေးလျှင်
တောရိုင်းတိရစ္ဆာန်တွေရန်ကို ခုထိကြောက်နေရလျှင်
စိုက်ပျိုးမွေးမြူရေးနဲ့ မိသားစုအရေး မိသိကြိုးကျွံပြုနေခဲ့လျှင်
မိမိနေထိုင်နေတဲ့ လူအဖွဲ့အစည်းဖရိုဖရဲ ဖြစ်နေလျှင်
ဥပဒေကင်းမဲ့ပြီး ကိုယ်ကျင့်တရားပျက် နေခဲ့လျှင်
လုပ်အားတိုင်းမှာ ဒီနေ့ထိ ခွန်းအားပဲ အသုံးပြုနေရလျှင်
အာကာသအကြောင်းထားပါဖိ ကမ္ဘာ့မှာဖြစ်ပျက်နေမူတောင် တစွမ်းတစ သိခွင့်မရခဲ့လျှင်
မျိုးဆက်သစ်များကို မျှဝေစရာ ဘာမှအတွေ့အကြုံပညာမှမရှိခဲ့လျှင်
စာအုပ်ထားပါဖိ၊ ဖတ်စရာစာတိုတောင်မရှိခဲ့လျှင်၊စာအုပ်ရှိလျှက် စာမဖတ်ခဲ့လျှင်
ငါတို့လည်း ကမ္ဘာဦးလူသားနဲ့ဘာထူးမှာလဲ။ လူသားပြောင်းလဲမူဖြစ်စဥ်ဟာ ငါတို့နှင့်ပိုပိုဝေးကွာသွားပါလိမ့်မယ်။
YaThaWinTha (philo)