ရခိုင်သားကြီး စာပေ

ရခိုင်သားကြီး စာပေ ရခိုင်သားကြီး(စာပေ)
Dashboard သို့ ပြန်လားပါ

ရခိုင်သားကြီးစာပေ အွန်လိုင်းစာကြည့်တိုက်အကြောင်း

သမိုင်း

ရခိုင်သားကြီးစာပီဆိုစာ စာပီခွင့်ပြုချက်ရပြီးသား တရားဝင် စာမူတိုက်တစ်ခု ဖြစ်ပါရေ၊ ရခိုင်သားကြီး စာပီကနိန်ပြီးကေ ရခိုင်ပတ်သက်ဆက်နွယ်ရေ သမိုင်း၊ယိုင်ကျေးမူ၊စာပီ၊မဂ္ဂဇင်းစသည်အကြောင်းအရာတိ အများကြီးကို စဉ်ဆက်မပြတ်ထုတ်ဝီလာရေ စာမူတိုက်တစ်ခုလည်းဖြစ်ပါရေ၊ ရခိုင်စာရီးဆရာတိနန့် တက်သစ်စ စာရီးဆရာတိကို စင်တင်ပီးခရေ စာမူတိုက်တစ်ခုဆိုကေလေ့ မမှားပါ၊ ရခိုင်သားကြီးစာပီ စာမူတိုက်ကို ရခိုင်စာရီးဆရာ ဆရာဦးလှမြင့်က ဉီးစီတည်ထောင်ခခြင်း ဖြစ်ပါရေ၊ ရခိုင်စာပီထုတ်ဝီမူကို ၁၉၉၂ ခုနှစ်မာ အသျှင်စက္ကိန္ဒဧရခိုင်ယဉ်ကျေးမူများ(၂)ကို ထုတ်ဝီခပါကေလေ့ ၁၉၉၃ ခုနှစ် ရခိုင်ယဉ်ကျေးမူများ(၃)ကိုထုတ်ဝီခါမှ ရခိုင်သားကြီးစာပေ ဆိုရေနာမေကို စလို့သုံးလာစွာဖြစ်ပါရေ၊ ယင့်ချင့်က စတင်ပြီးကေ ရခိုင်စာအုပ်စာတမ်း (၁၃၅) ကိုကြီးကြပ်ပြီးကေ ထုတ်ဝီခရေပိုင် တခြားစာတမ်းတိလေ့ ရခိုင်သားကြီးစာပီ ခပါရေ၊ စာအုပ် စာပီက ရလာရေ အကျိူးအမြတ်တိုက်လေ့ ရခိုင်မျိုးဆက်သစ် စာရီးဆရာတိကို စာအုပ်ထုတ်ဝီနိုင်ဖို့ ပံ့ပိုးမူ ပီးခပိုင် ရခိုင်လူငယ်ချေတိ ပညာရီးအတွက်လေ့ ၁၉၉၅ က စတင်ပနာ ရခိုင်ညွန်ဖူးပညာသင်ဆုကို ရခိုင်သားကြီးစာပီက စတင်ပီးခဖူးပါရေ။ ရခိုင်သားကြီးစာပီ စာမူတိုက်စွာ လက်ဟိမာလေ့ ရခိုင်ဆိုင်ရာစာအုပ်စာပီတိ ထုတ်ဝီဆဲဖြစ်ပိုင် နောက်နောင်လည်းဆက်ပနာ ထုတ်ဝီလားဖို့ဖြစ်ပါရေ။

အပြောင်းအလဲ

ခေတ်စနစ်ပြောင်းလဲလာရေ အခါ အင်တာနက်ကို အခြီခံပြီးကေ စာဖတ်ပရိတ်သတ်တိ စာဖတ်ရစွာကို သဘောတွိ့လာကတ်ပါရေ၊ ယင့်ချင့်ကို အခြီခံပြီးကေ သူတပေါက်ကိုတပေါက် စာအုပ်တိကို pdf ဖိုင်လုပ်ပနာ လိုင်းထက် တင်လာကတ်ပါရေ၊ စာမူတိုက်က ထုတ်ဝီထားရေ၊ စာအုပ် ၂၀% လောက်စွာသည် လိုင်းထက်မာ ပြန့်ကျဲလားပါရေ၊ စာရီးဆရာတိ နစ်နာပိုင်၊ ထုတ်ဝီရရေ စာမူတိုက်တိလည်း နစ်�နာစီပါရေ၊ တခြားစာမူတိုက်တိမာ ကိုယ်ပိုင် အွန်လိုင်းစာကြည့်တိုက်ဟိနီခပြီးကေ ပြန့်ကြဲလားရေစာအုပ်တိကို ပြန်စုနိုင်ခကေလေ့ ရခိုင်စာအုပ်တိအတွက် ထိမ်းသိမ်းဖို့ တနီရာတည်းယှာလို့ရဖို့ အွန်လိုင်းစာကြည့်တိုက်မဟိနိုင် ဖြစ်နီပါရေ၊ ယင်းတွက်တာနန့် လိုင်းထက်ပြန့်ကြဲလာရေ စာအုပ်တိကိုလေ့ စုစည်းခြင်း၊ ရခိုင်အွန်လိုင်းစာကြည့်တိုက်လေ့ လုပ်ရင်း တပြိုင်တည်းဖြစ်လားရောင် ၂၀၁၀ ခုနှစ်် ရခိုင်သားကြီးစာပေ အွန်လိုင်းစာကြည့်တိုက်ဝက်ဘ်ဆိုက် ကို ကိုခိုင်အောင်အောင် (နယ်သာလန်) မစုမွန်ဖြိုး(ခိုင်မြတ်သူ)ရို့နန့်(ပထမ တကြိမ်)ထူထောင်ခဖူးပါဗျာယ်။ သို့သော်လေ့ အကြောင်းအမျိုးအမျိုးကြောင့် ရခိုင်သားကြီးစာပေ အွန်လိုင်းစာကြည့်တိုက်ဝက်ဘ်ဆိုက် အထမြောက်မူ မဟိခပါ�। ယင်းတွက်တာနန့် ဒုတိယအကြိမ်အဖြစ် အသျှင်ဘုရားYasa Dhamama,အသျှင်ဘုရား Ya Tha Win Tha , အသျှင်ဘုရား Ashin Zawana Retkhaberi နန့် ရခိုင်သားကြီးစာပီ ရခိုင်အွန်လိုင်းစာကြည်တိုက် ဝက်ဘ်ဆိုက် ကို ပြန်လို့ ထူထောင်လိုက်ရခြင်းဖြစ်ပါရေ၊

ဒေတာစုစည်းခြင်း

ရခိုင်သားကြီးစာမူတိုက်က ထုတ်ဝီခရေ စာအုပ်မှန်သမျှကို ဒေစာစာကြည့်မာတင်လားဖို့ဖြစ်ပါရေ၊ ပြီးကေ အခမဲ့တခြားအွန်လိုင်းမာပြန့်ကြဲနီကတ်တေ ရခိုင်ဆိုင်ရာ စာအုပ် စာပီ တိကိုလေ့ စုစည်းလားပါဖို့ ၊ ယင်းပိုင်စုစည်းရေ ခါမှာလည်း ဒေစာကြည့်တိုက်မာ တင်ခွင့် ဟိမဟိ သက်ဆိုင်ရာစာရွီးဆရာ၊ စာမူတိုက်တိပါးမာ ခွင့်တောင်းပါဖို့၊ တင်ခွင့်မပြုဆိုကေ အချိန်မရွီး ပယ်ဖျက်ပီးလားပါဖို့၊ နောက်ထပ်တင်လိုရေ စာရီးဆရာတိကိုလည်း အချိန်မရွီး တင်ခွင့်ပီးပါဖို့၊ စာရွီးဆရာတိ အခွင့်အရီးကို ငဲ့သောအားဖြင့် ထုတ်ဝီပြီး စျီးကွက်ဖြန့်နီရေ စာအုပ်တိကို မတင်ပါ၊(သို့သော်ခွင့်ချက်ရကေ တင်ပါဖို့)။ စာကြည့်တိုက်မာ ပါဝင်လာရေ ဇာစာရီးဆရာကို မဆို စာကြည့်တိုက်အတွင်းက ဇာစာအုပ်ကို မဆို ရာသက်ပန်အခမဲ့ ဖတ်ခွင့်ရပါဖို့၊

စာကြည့်တိုက်ရည်ရွယ်ချက်
  1. လိုအပ်နီရေ အွန်လိုင်း ရခိုင်စာကြည့်တိုက်တစ်ဖြစ်လာဖို့
  2. အွန်ဲလိုင်းမာ ပြန့်ကြဲနီရေ ရခိုင်စာအုပ်တိကို ပြန်စုစည်းဖို့
  3. မျိုးဆက်သစ်ရခိုင်လူငယ်စာရီးဆရာတိ ပေါ်ထွန်းနိုင်ဖို့
  4. ရခိုင်လူငယ်ပညာရီး အထောက်အပံ့ပြုဖို့
  5. စာတမ်းပြုနီလူတိနန့် စာရီးနီလူတိ ရခိုင်စာအုပ်စရင်းကို တနီရာတည်းရနိုင်ဖို့
  6. ရခိုင်သားတိုင်း စာဖတ်မူတိုးတက်လာဖို့
အခကြေး

အွန်လိုင်းစာကြည့်တိုက်တစ်ခုတည်ထောင်မူဆိုစွာ အပြင်မာစာကြည့်တစ်ခု တည်ထောင်ရစွာနန့်ဇိကေကွာြခားပါရေ၊ ၂၀၁၀ ခုနှစ်မာ အခမဲ့လုပ်ခရေ အတွက်နန့် ရေရှည်တည်တန့်ဖို့ ခက်ခဲစီပါရေ၊ Domain ခ, Hosting ခ, စာအုပ်သိုလှောင်ရေ cloud storage ခ ၊ အစဟိသဖြင့် ဒေဝန်ဆောင်ခ မဆောင်ကေ မဆောင်နိမာ ဒေအွန်လိုင်းစာကြည်�့တိုက်စွာ ပျက်ကျစီပါရေ။ ယင်းတွက်တာနန့် ကကောင်းကြီး မများရေ မန်ဘာကြေး ကောက်ခံရခြင်းဖြစ်ပါရေ၊ ဒေမန်ဘာကြေးစွာ အထက်ပါ ဝန်ဆောင်ခတိကို ဖြီယှင်းဖို့ဖြစ်ပိုင် ပိုလာရေ မန်ဘာကြေးတိကိုလေ့ ရခိုင်မျိုးသစ်စာအုပ် စာပီထွက်ပေါ်လာရေး၊ ပညာရီးကို အထောက်အပံ့ဖြစ်စီလားဖို့ ဖြစ်ပါရ